Welcome To My Blog ၊ ခုမှစမ်းသပ်နေပါသဖြင့်ခွင့်လွတ်ကြပါခင်ဗျား။အားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါသည်။


   
  ITMM
  Bus အကြောင်း သိကောင်းစရာ
 

Bus အကြောင်း သိကောင်းစရာ

ကွန်ပျူတာ အခေါ်အဝေါ်မှာ Bus ဆိုတာ Component တစ်ခုနဲ့တစ်ခုကို ဆက်သွယ်ပေးတဲ့ လမ်းကြောင်းလို့ အဓိပ္ပါယ်ရပါတယ်။

ဥပမာ- ကြိုးတွေ ဆက်သွယ်လို့ရအောင် လုပ်ထားတဲ့ Circuit တွေကို ခေါ်ပါတယ်။ Hardware  Components တွေ အချင်းချင်း ဆက်သွယ်ပြီး အလုပ်လုပ်လို့ရအောင် Bus က လုပ်ဆောင်ပေးပါတယ်။

Communication မှန်သမျှ အားလုံးကို Data Channel တစ်ခုတည်းပေါ်မှာ အလုပ်လုပ်စေခြင်းဖြင့် Components တွေ အချင်းချင်း ဆက်သွယ်ရာမှာ..

လမ်းကြောင်းရှုပ်ထွေးမှု မရှိတော့အောင် Bus က လုပ်ဆောင်ပေးပါတယ်။

Hardware Port ဆိုတာ Hardware Component နှစ်ခုကို Cable နဲ့ ချိတ်ဆက်လိုက်ခြင်းကနေ ဖြစ်ပေါ်လာတာပါ။ Serial Portတို့ Parallel Port တို့လိုမျိုးကို ဆိုလိုတာပါ။

Bus ရဲ့ ၀ိသေသလက္ခဏာများ

Bus ကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်းမှာ ပို့နိုင်တဲ့ သတင်းအချက်အလက် ပမာဏပေါ်မူတည်ပြီး တိုင်းတာပါတယ်။ တစ်ချိန်တည်းမှာ သတင်းအချက်အလက် ပမာဏ ဘယ်လောက်များများပို့နိုင်မယ်ဆိုတာကလည်း Physical Line ရဲ့ အရေအတွက်ပေါ်မှာ မူတည်နေပါသေးတယ်။ Line က 32-Wire Ribbon Cable ဖြစ်ခဲ့မယ်ဆိုလျင် သတင်းအချက်အလက် ပမာဏ 32 bit ကို တပြိုင်နက်တည်း ပို့နိုင်မှာ ဖြစ်ပါတယ်။ Bus တစ်ခုက တချိန်တည်းမှာ ပို့နိုင်တဲ့ bits အရေအတွက်ကို အဲဒီ bus ရဲ့ width လို့ခေါ်ပါတယ်။ သူ့ကို Bits နဲ့ တိုင်းတာပါတယ်။

တစ်စက္ကန့်မှာ ပို့နိုင်တဲ့ Data Packets အရေအတွက်ကိုတော့ Bus speed လို့ ခေါ်ပါတယ်။ သူ့ကိုတော့ Frequency နဲ့ တိုင်းတာပါတယ်။ Data တွေကို တစ်ကြိမ်ပို့လိုက်တာ ဒါမှမဟုတ် တစ်ကြိမ်လက်ခံလိုက်တာကို cycle တစ်ခုလို့ ပြောပါမယ်။

ဒါဆိုရင် Bus တစ်ခုရဲ့ width နဲ့ သူ့ရဲ့ Frequency ကို မြှောက်လိုက်ရင် အချိန်တစ်ခုအတွင်းမှာ data ပမာဏ ဘယ်လောက်များများ ပို့နိုင်မလဲဆိုတဲ့ Maximum Tansfer Speed ကို တွက်လို့ရပြီလေ။ Width က 16 bits နဲ့ Fequency 133 MHz ရှိတဲ့ bus ရဲ့ Transfer speed ကို တွက်မယ်ဆိုလျင်

ဒီနေရာမှာ သတိထားရမှာက bits ရဲ့ အတိုကောက်ကို b ဘီအသေးနဲ့ရေးပြီး၊ Byte ရဲ့ အတိုကောက်ကို B ဘီအကြီးနဲ့ ရေးတာကို သိထားရပါမယ်။

Bus SubAssembly

Bus ကို သယ်ဆောင်တဲ့ Data အမျိုးအစားပေါ် မူတည်ပြီး Address Bus၊ Data Bus၊ Control Bus ဆိုပြီး သုံးမျိုးခွဲထားတယ်။

Address Bus

Data တွေရဲ့ Address တွေကို သယ်ဆောင်ပေးလို့ Address Bus လို့ခေါ်တာပါ။ Processor က Data တစ်ခုကို အလိုရှိပြီဆိုရင် အဲဒီ Data ရဲ့Memory Address ကို အရင်ပို့တာပါ။ Processor က အလိုရှိတဲ့ Data ရဲ့ Address ကို Address Bus က သတ်မှတ်ပေးရတယ်။ Address Bus ကို Memory Bus လို့လည်းခေါ်ပါသေးတယ်။ Address Bus သည် Unidirectional Bus ဖြစ်ပါတယ်။ တစ်လမ်းသွားလို့ ပြောချင်တာပါ။ သူက Address ကို ပို့ပေးပြီး ပြန်သယ်လာစရာ မလိုလို့ပါပဲ။

Data Bus

Data Bus ကတော့ Processor နဲ့ Components တွေကြားမှာ ညွှန်ကြားချက်တွေကို အပြန်အလှန် သယ်ပို့ပေးတဲ့ အလုပ်ကို လုပ်ပါတယ်။ အပြန်အလှန် သယ်ပို့ရတာကြောင့် Bidirectional Bus ဖြစ်ပါတယ်။

Control Bus

Control Bus ကတော့ Control Unit ကလာတဲ့ Orders တွေနဲ့ အချိန်ကိုက် Signals တွေကို အခြား Hardware Components တွေဆီ ပို့ပေးရပါတယ်။ Hardware Components တွေဆီကနေ Orders တွေနဲ့ Signal တွေ ရရှိကြောင်း Response Signals ကိုလည်း ပြန်သယ်ပေးရပါတယ်။ သူကလည်း Bidirectional Bus ပါပဲ။

The Primary Buses

Bus ကို အသုံးပြုတဲ့ နေရာကိုလိုက်ပြီး နှစ်မျိုးခွဲထားပါတယ်။

၁။ Internal Bus

Front Side Bus (FSB) လို့လည်းခေါ်ပါတယ်။ Processor နဲ့ System Memory (RAM) ကြားမှာ အလုပ်လုပ်ပါတယ်။

၂။ Expension Bus

Input/Output Bus လို့လည်း ခေါ်ပါတယ်။ Motherboard ပေါ်မှာရှိတဲ့ Components တွေ Motherboard နဲ့ ဆက်သွယ်ထားတဲ့ Components တွေ အချင်းချင်း တစ်ခုနဲ့တစ်ခု ဆက်သွယ်ပေးတဲ့ Bus ပါ။

Input/Output Bus နဲ့ ဆက်သွယ်ထားတဲ့ Expension Slot တွေပေါ်မှာ Device အသစ်တွေ ထပ်ထည့်ဖို့အတွက် Expension Bus ကို အဓိက သုံးတာပါ။

 
 
 
  Today, there have been 13 visitors (14 hits) on this page!  
 
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free