System Crystal နဲ့ Expansion Bus Crystal အကြောင်း
Crystal ဆိုတဲ့ အမည်လေးရဲ့ နောက်မှာ အဓိပ္ပါယ် အမျိုးမျိုးရှိကြပေမဲ့ များပြားလှတဲ့ ဖွင့်ဟချက်တွေထဲကမှ Computer နဲ့ သက်ဆိုင်တဲ့ Crystal လေးအကြောင်းပဲ ပြောပြပါတော့မယ်။ (နိဒါန်းချီလိုက်တာရှည်သွားသလားပဲ။) အဲ ...... ကျွန်မပြောပြမယ့် Crystal ဆိုတာကလေ ဆရာကြီးတော့......! " အရွယ်ငယ်ပေမဲ့လည်း အထင်တော့ မသေးလိုက်ပါနဲ့ " လို့ ဆိုရမလားပဲ။ ခဏနေ ပုံထဲမှာတွေ့ပါလိမ့်မယ်။ သူကသေးသေးလေးပဲ။ အဲ.. ဒါပေမဲ့လည်း သူ့အလုပ်ကအရမ်းကြီးလေးတာပါ။
ပုံ (၁)
အဲ...ညွှန်းနေလိုက်တာ များသွားသလားပဲ။ လိုရင်းကိုပြောရရင်တော့ Crystal က CPU (Central Processing Unit) ကို နိုင်တယ်တဲ့။ စိတ်ဝင်စားသွားပြီလား။ Computer တစ်လုံးမှာ CPU ဆိုတာက ခရာပဲနော်။ သူကအလုပ်တွေ အများကြီးလုပ်ပေးရတာကိုး။ အဲ...အဲဒီ ခရာကိုနိုင်တာ Crystal နော်။ ဘာလို့်လဲသိလား။........ Crystal ဆိုတာကိုမပြောခင် Crystal (၂) မျိုးရှိတယ်ဆိုတာကို မှတ်ထားပါနော်။ System Crystal နဲ့ Expansion Bus Crystal တဲ့။ ဒီတော့ System Crystal အကြောင်း အရင်ပြောကြရအောင်။ System Crystal ဆိုတာက CPU , RAM နဲ့ Chipset (Northbridge , Southbridge and others ) တို့ရဲ့ Speed ကို ထိန်းချုပ်ပေးပါတယ်။ အထူးသဖြင့် CPU ကို ဘယ်လောက်အရှိန်နှုန်း(speed) နဲ့ လုပ်ဆောင်ရမလဲဆိုတာ သတ်မှတ်ပေးတဲ့အရာလေးပါ။ ဒီတော့ CPU ကိုနိုင်ပြီပေါ့။
ဥပမာလေးပြောပြရရင်............. တစ်ခါက ကုမ္ပဏီကြီး တစ်ခုမှာပေါ့။ ဦးဆောင်မှုပြုနေတဲ့ ခေါင်းဆောင်က အသက် ( ၅၀ ) ကျော်သူဌေးကြီး တစ်ဦးပါ။ သူ့စကားကို ကုမ္ပဏီကြီးတစ်ခုလုံးက လိုက်နာဆောင်ရွက် ရပါတယ်။ တစ်နေ့တော့ သူ့ရဲ့ ကုမ္ပဏီကို အသက် ( ၂၀ ) အရွယ် သူဌေးကြီးရဲ့ တစ်ဦးတည်းသော သမီးလေး ရောက်လာပါတယ်။ ဒီသမီးလေးက သူဌေးကြီးကို ကူညီပြီး ဖခင်ရဲ့ အလုပ်တွေကို ၀ိုင်းကူပေးပါတယ်။ " အစည်းအဝေး ဘယ်အချိန်စမယ် ၊ ဘယ်သူတွေနဲ့ ချိန်းထားတယ် ၊ ဘာအလုပ်တွေ ကျန်သေးလဲ ၊ ဘယ်ခရီးစဉ်ကို ဘယ်နေ့သွားရမယ် ၊ ကိုယ်တိုင်လုပ်ဆောင်ဖို့ မလိုအပ်ရင် အခြားလုပ်ဆောင်နိုင်တဲ့ သူတွေကို ဦးဆောင်ခိုင်းမယ်။ " စတဲ့ အလုပ်တွေကို သမီးငယ်လေးက ကူညီပြီး လုပ်ဆောင်ပေးပါတယ်။ တစ်ခါတစ်ရံ လိုအပ်တဲ့ ဆုံးဖြတ်ချက်တွေကိုလည်း သမီးလေးက ဆုံးဖြတ်ပေးပြီး သူဌေးကြီးကို လုပ်ဆောင်ခိုင်းပါတယ်။ မိဘတိုင်းက ကိုယ့်သား ၊ သမီးတွေကို ချစ်ကြတာပဲလေ။ ဘယ်လောက်ကြီးပွားချမ်းသာတဲ့ လုပ်ငန်းပိုင်ရှင်ကြီးဖြစ်နေပါစေ....... သား ၊ သမီးတွေရဲ့ အရှေ့မှာတော့ ဘာအရှိန်အ၀ါမှ မရှိတတ်ကြပါဘူး။
System Crystal ဆိုတာကလည်း ဒီလိုပါပဲ။ CPU ကို Speed ဘယ်လောက်နဲ့ အလုပ်လုပ်ရမလဲ ဆိုတာ ခွဲခြားမှတ်သားပေးပါတယ်။ ဥပမာ- Motherboard က 133 MHz အရှိန်နှုန်းနဲ့ အလုပ်လုပ်နိုင်တယ်ဆိုရင် သူ့အပေါ်မှာ ပုံသေတပ်ဆင်ထားတဲ့ Northbridge , Southbridge နဲ့ Crystal တွေကလည်း 133 MHz နဲ့ အလုပ်လုပ်ကြပါတယ်။ မျက်စိနဲ့ မမြင်ရပေမဲ့ Computer မှာ အသုံးပြုလို့ရအောင် နောက်ကွယ်ကနေ လုပ်ဆောင်ပေးနေတဲ့ အရာလေးတွေကို ဗဟုသုတ အနေနဲ့ မှတ်သားကြရအောင်။
Motherboard ပေါ်မှာရှိတဲ့ Chips လေးတွေတိုင်းမှာ Clock Wire ဆိုတဲ့ အချိန်နဲ့ပတ်သတ်ပြီး လုပ်ဆောင်ပေးတဲ့ Wire လေးတွေပါတယ်နော်။ အချိန်နဲ့အတူ Speed ဆိုတဲ့ အရှိန်နှုန်းလည်း ပါဝင်တယ်ပေါ့။ အဓိကအားဖြင့်
Chips လေးတွေတိုင်းကို ဘယ်အချိန် ၊ ဘယ်အရှိန်နှုန်းနဲ့ အလုပ်လုပ်ရမလဲ ဆိုတာ သတ်မှတ်ဖို့လိုလာပြီပေါ့။ အဓိက ကတော့
CPU ပါ။ သူက အလုပ်သိပ်များတာဆိုတော့ ဘယ်အလုပ်ကို ဘယ်အရှိန်းနှုန်း (speed) နဲ့ အလုပ်လုပ်ဖို့ဆိုတာ သတ်မှတ်ဖို့ လိုလာပြီလေ။ အဲဒီလို သတ်မှတ်ဖို့ အသုံးပြုလာတဲ့ Chip လေးကတော့ Crystal ပေါ့။
Crystal က အချိန်သတ်မှတ်ရာမှာ (၂) မျိုး ပြန်ခွဲတယ်နော်။ Underclocking နဲ့ Overclocking တဲ့။
Under ဆိုကတည်းက "အောက်" မှာပဲရှိမှာပေါ့နော်။ ဟဲ ဟဲ... ဟုတ်ပါတယ်။ ပြောချင်တာက သတ်မှတ်ထားတဲ့ အချိန် (ဒါမှမဟုတ်) အသုံးပြုလို့ရတဲ့ Speed ထက်လျှော့ပြီး အလုပ်လုပ်တာကို ပြောတာပါ။ ဥပမာ- နားလည်အောင်ပြောရရင် စောစောကပြောခဲ့သလို Motherboard က 133 MHz အထိ အလုပ်လုပ်နိုင်တယ်ဆိုရင် CPU ကို 100 MHz လောက်နဲ့ အလုပ်လုပ်ခိုင်းတာမျိုးကို ပြောတာပါ။ လုပ်စရာ အလုပ်က နည်းတယ်ဆိုရင် Speed အများကြီးသုံးစရာ မလိုတော့ဘူးလေ။
ဒီတော့ Underclocking နဲ့ အလုပ်လုပ်ရင်လည်း အဆင်ပြေပါတယ်။ ပုံမှန် CPU အလုပ်လုပ်တာက Underclocking နဲ့ပါ။
ဟယ် ..ဒါဆို Overclocking ဆိုတာက...........? Over ဆိုတဲ့အတိုင်း ပိုပြီးလုပ်ဆောင်တာပေါ့။
နဂိုရှိတဲ့ Speed နဲ့ လုပ်ဆောင်တာထက် ပိုပြီး လုပ်ဆောင်တာကို ပြောတာပါ။ CPU ကို အလုပ်ပိုခိုင်းတာပေါ့လေ။ တစ်ခါတစ်ရံ အလုပ်တွေမပြီးလို့ Over Time ဆင်းရသလိုမျိုးပေါ့။ CPU အလုပ်လုပ်နိုင်တဲ့ Speed ထက်ပိုပြီး အလုပ်လုပ်ခိုင်းတာလေ။ အဲဒါ Overclocking ပါ။ Over Time ဆင်းရတာများလာရင်.......... လူဆိုတော့လေ ဖျားနာတတ်ပါတယ်။ ခွင့်ယူနေရဦးမယ်နော်။ လူမို့လို့ဖျားတယ် မထင်လိုက်ပါနဲ့။ စက်ကလည်းစက်ဆိုသလို ပျက်တတ်တယ်တဲ့။ ဒီတော့ လိုသည်ထက်ပိုရင် " တန်ဆေး လွန်ဘေး " ဆိုသလို CPU လုပ်နိုင်သည်ထက် ပိုခိုင်းရင် CPU ပျက်တတ်တယ်နော်။ ဒီတော့ တန်ဖိုးထက် လက်ခကြီးနေမှာမို့ CPU ပုံမှန်လေးပဲ အလုပ်လုပ်ပါစေနော်။ Overclocking ကို သိပ်မသုံးကြရင် ကောင်းတာပေါ့။
Underclocking ကို လူတွေလုပ်ဆောင်ပေးဖို့ မလိုပဲ Crystal က နဂိုကတည်းက CPU ကို လုပ်ဆောင်စေတာပါ။ ဒီတော့ ဆိုင်က၀ယ်လာတဲ့ စက်တိုင်းမှာ ပါရှိတဲ့ CPU တွေဟာ Underclocking နဲ့ အလုပ်လုပ်တာမို့ လူက လုပ်ဆောင်ပေးရန် မလိုပါဘူး။ သို့ပေမယ့် Overclocking လုပ်ချင်တယ်ဆိုရင်တော့ လူက Setting ပြောင်းပေးဖို့လိုပါတယ်။ အလုပ်လုပ်ခိုင်းမှာကတော့ System Crystal ဖြစ်ပြီး သနားစရာ အလုပ်လုပ်ရမှာက CPU လေးပါ။
ပုံ - (၂)
|
SYSTEM CRYSTAL အလုပ်လုပ်ပုံ |
ဒီတော့ CPU ကိုနိုင်တဲ့ System Crystal အကြောင်းကို သိရပြီဆိုရင်တော့ Expansion Bus Crystal အကြောင်းဆက်ကြပါစို့နော်။ System Crystal က CPU ထိန်းချုပ်ထားတယ်ဆိုတော့ Expansion Bus Crystal က Expansion Bus တွေကို ထိန်းချုပ်ထားတယ်ပေါ့။ ခက်နေဦးမယ်နော်။ သဘောတရားချင်းက ရှင်းပြနေစရာမလိုအောင် အတူတူပါပဲ။ ဒီတော့ Crystal ဆိုတာ Oscillator တစ်မျိုးဖြစ်ပြီး CPU ,RAM ,Chipset နဲ့ Expansion Bus တွေရဲ့ အလုပ်လုပ်ရမဲ့ နှုန်းကို သတ်မှတ်ပေးပါတယ်။ CPU, RAM နဲ့ Chipset (Northbridge ,Southbridge & Others) တွေ့ရဲ့ Speed ကို ထိန်းချုပ်ပေးတဲ့ Crystal ကို System Crystal လို့ခေါ်ပြီး Expansion Bus တွေရဲ့ Speed ကို သတ်မှတ်ပေးတာ ဆိုရင်တော့ Expansion Bus Crystal ပေါ့။
နားလည်လွယ်အောင်ပြောရရင် Motherboard မှာ တွဲလျက်မပါလာဘဲ အသစ်ထပ်ပြီးစိုက်ရတဲ့ Cards တွေကိုလည်း Expansion Bus Crystal က ထိန်းချုပ်ပေးပါတယ်။ ( ဥပမာ - Sound cards, Modem , etc...)
ပိုရှင်းသွားအောင် ပုံလေးကိုကြည့် ရအောင်နော်။
ပုံ - (၃)
|
SYSTEM CRYSTAL အလုပ်လုပ်ပုံ |