Inkjet Printers အကြောင်း
Printers မှာ အမျိုးအစား အမျိုးမျိုးရှိပေမဲ့ အဓိကအားဖြင့် အုပ်စုအနေနဲ့ကတော့ နှစ်မျိုးပဲရှိပါတယ်နော်။ အဲဒါကတော့ Impact Printers နဲ့ Non-Impact Printers တို့ ဖြစ်ပါတယ်။ Dot Matrix Printers ဆိုတာက Impact အမျိုးအစားဖြစ်ပြီးတော့ အဲဒီအမျိုးအစားထဲမှာ Daisy-Wheel Printers နဲ့ Line Printers တို့လည်း ပါဝင်ပါတယ်။ Inkjet Printers နဲ့ Laser Printers တို့ကတော့ Non-Impact အမျိုးအစားတွေ ဖြစ်ကြပါတယ်။
Impact ဆိုတာက Print ထုတ်လိုက်တဲ့ အရာတွေ စာရွက်ပေါ်မှာ ထွက်ပေါ်လာစဉ် ဆူညံမှုတွေ ဖြစ်ပေါ်စေပါတယ်။ ဘာလို့လဲဆိုတော့ စာရွက်ပေါ်မှာ ကိုယ်လိုချင်တဲ့ အကြောင်းအရာတွေ ထွက်ပေါ်လာဖို့ Printer စက်အတွင်း စက်ပစ္စည်းတစ်ခုနဲ့ တစ်ခု ထုနှက်ပြီးမှ ထွက်ပေါ်လာရလို့ ဖြစ်ပါတယ်။ ဒီတော့ Non-Impact ဆိုတာက စောစောကပြောခဲ့တဲ့ Impact နဲ့ ပြောင်းပြန်ပေါ့နော်။ သူကျတော့ ဘာဆူညံသံမှ မပေးဘဲ ကိုယ်လိုချင်တဲ့ အရာလေးတွေကို ချောမွေ့စွာ ထွက်ရှိအောင် လုပ်ဆောင်ပေးပါတယ်။ သို့ပေမယ့် ယခုအခါမှာ အဲဒီ Printers တွေထဲကမှ Impact အမျိုးအစားဖြစ်တဲ့ Inkjet Printers အကြောင်းကို ပြောပြမှာ ဖြစ်ပါတယ်။
Inkjet Printers တွေဟာ မှင်အရည်ကို အသုံးပြုပြီး စာရွက်ထွက်လာအောင် လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ မိမိ အိမ်၌သာ အိမ်သုံးအဖြစ် အသုံးပြုမယ်ဆိုရင် Inkjet Printers တွေဟာ အသင့်တော်ဆုံးပါ။ ဘာလို့လဲဆိုတော့ ဈေးနှုန်း ကလည်း သက်သာတယ်၊ စာရွက်ပေါ်မှာ မြင်တွေ့ရတဲ့ အရည်အသွေးကလည်း ကောင်းတယ်၊ အဖြူ နဲ့ အမဲ သာမကဘဲ အရောင်နဲ့လည်း ထုတ်လို့ရတယ်၊ အသုံးပြုရတာလည်း အဆင်ပြေပြီး လွယ်ကူတယ် စတဲ့ အချက်တွေကြောင့် အိမ်မှာ အသုံးပြုဖို့ Printer တစ်လုံးဝယ်မယ်ဆိုရင် Inkjet Printers တွေက အသင့်တော်ဆုံးပါ။
Inkjet Printers တွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ Canon, Hewlett-Packard, Epson နဲ့ Lexmark တို့ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ တံဆိပ်နဲ့ Printer ကို ၀ယ်ယူ အသုံးပြုနိုင်ပါတယ်။
Inkjet Printers တွေကို ထုတ်လုပ်တဲ့အခါမှာ အသုံးပြုတဲ့ နည်းပညာပိုင်းတွေကို အနည်းငယ် ပြောပြချင်ပါတယ်။ နည်းပညာပိုင်းအနေနဲ့က သုံးမျိုးရှိပါတယ်။ အဲဒါတွေကတော့ Thermal, Piezoelectric နဲ့ Continuous နည်းတို့ပဲ ဖြစ်ကြပါတယ်။ ရိုးရိုး အိမ်သုံး Inkjet Printers တွေကို Thermal Inkjets နည်းနဲ့ ပြုလုပ်ထားပြီး ရုံးသုံး၊ စက်ရုံသုံး Inkjet Printers တွေကိုတော့ Piezoelectric Inkjets နည်းနဲ့ ပြုလုပ်ထားပါတယ်။ Continuous Inkjet နည်းပညာကိုတော့ Products တွေနဲ့ Packages တွေကို အမှတ်အသား (Marking & Coding) ပြုလုပ်ဖို့ အသုံးပြုတဲ့ Inkjet Printers တွေမှာ အသုံးပြုထားပါတယ်။
အခု ဆက်လက်ပြီး Inkjet Printers တွေမှာ အသုံးပြုထားတဲ့ မှင် (inks) တွေ အကြောင်း ပြောပြပါ့မယ်။ ရုံးတွေ၊ အိမ်တွေမှာ အသုံးပြုတဲ့ Desktop Inkjet Printers တွေမှာ မှင်အရည် (Ink Cartridge)ကို အသုံးပြုထားပြီး ရေ နှင့် အရောင်များ ရောစပ်ကာ Aqueous Inks ကို အဓိက အသုံးပြုထားပါတယ်။ အဲဒီ Ink အမျိုးအစားတွေက ဈေးသက်သာပေမဲ့ Media ရဲ့ မျက်နှာပြင်ကို ထိန်းချုပ်ရခက်ခဲပါတယ်။ Aqueous Inks တွေကို Thermal Inkjet Heads တွေပါဝင်တဲ့ Printers တွေမှာ အသုံးပြုထားပါတယ်။ သို့ပေသိ Piezo Inkjet Heads ပါဝင်တဲ့ Printers တွေမှာတော့ Solvent Inks, UV-Curable Inks နဲ့ Dye Sublimation inks တို့ကို အသုံးပြုထားပါတယ်။
အဲ... ယခု အခါမှာတော့ Printers တွေမှာ ပါဝင်တဲ့ Head အမျိုးအစားတွေကို ပြောပြပါဦးမယ်နော်။ Inkjet Printers တွေရဲ့ Head Design က နှစ်မျိုးရှိတယ်နော်။ အဲဒါတွေက Fixed-Head နဲ့ Disposable Head တို့ ဖြစ်ပါတယ်။ ဒီ Head နှစ်မျိုးလုံးမှာ အားသာချက်ရှိသလို အားနည်းချက်လည်း ရှိပါတယ်။ Inkjet Printers အများစုကိုတော့ ဓါတ်ပုံတွေ Print
ထုတ်တဲ့နေရာမှာ အသုံးပြုတာ များပါတယ်။ Fixed-Head ပါဝင်တဲ့ Inkjet Printers တွေမှာဆိုရင် မှင်ကုန်သွားခဲ့ပါက Head ကို လဲလှယ်ရန် မလိုဘဲ မှင်ဗူးလဲလှယ်ရုံနဲ့ ပြန်လည် အသုံးပြု၍ ရသော်လည်း Head ပျက်သွားခဲ့ပါက အသုံးပြု၍ မရတော့ဘဲ Printer တစ်ခုလုံးလဲဖို့ရန်လိုအပ်သွားပါလိမ့်မယ်။ ဥပမာ အနေနဲ့ပြောရရင် Hewlett-Packard က ထုတ်လုပ်တဲ့
HP Photosmart 3310 က Fixed-Head Thermal Inkjet Printer အမျိုးအစားပဲ ဖြစ်ပါတယ်။ Disposable Head ဆိုတာကတော့ Ink Cartridge ကို လဲလှယ်ဖို့ လိုအပ်တဲ့အခါတိုင်းမှာ Cartridge နဲ့အတူ ဒီ Head ကိုလည်း လဲလှယ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကုန်ကျစရိတ် ကြီးမားသော်လည်း Head ပျက်စီး ချို့ယွင်းခဲ့ပါက အလွယ်တကူ ရရှိနိုင်ပါတယ်။
Inkjet Printers တွေရဲ့ အားသာချက်ကို ပြောရမယ်ဆိုရင် သူတို့က Dot Matrix Printers တွေနဲ့ နှိုင်းယှဉ်ရင် ဆူညံသံ သိပ်မကျယ်လို့ ညင်သာမှု ရှိပါတယ်။ ကောင်းစွာ Print ထုတ်ပေးနိုင်ပြီး Resolution မြင့်မားကာ ဓါတ်ပုံများ ထုတ်ရာတွင်လည်း သုံးစွဲသူများ စိတ်ကြိုက် အရည်အသွေး ကောင်းမွန်စွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ပါတယ်။ စာရွက်တွေကို Print ထုတ်တဲ့အခါမှာလည်း ကုန်ကျစရိတ် သက်သာစွာနဲ့ ထုတ်ပေးနိုင်ပါတယ်။
Inkjet Printers တွေရဲ့ အားနည်းချက်ကတော့ မှင်ဗူး (ink cartridge)ရဲ့ ဈေးနှုန်းမြင့်မားတတ်ပါတယ်။ တစ်ခါတစ်ရံ မှားယွင်းတဲ့ သတင်း (Error Message)တွေ ပေးတတ်ပါတယ်။ ဥပမာ- Ink ရှိနေရဲ့သားနဲ့ မရှိဘူးဆိုပြီး သတင်းပေးတတ်ပါတယ်။ Aqueous Inks ကို အသုံးပြုထားတဲ့ Inkjet Printers တွေမှာတော့ Print ထုတ်လို့ရတဲ့ သက်တမ်းမှာ ကန့်သတ်ချက်တွေ ရှိနေတတ်ပါတယ်။ နောက်တစ်ချက်ကတော့ မှင်က အရည် အမျိုးအစားဖြစ်တဲ့အတွက် စာရွက်ပေါ်မှာ ရေအစက်ကလေးတွေ မဖြစ်အောင် ဂရုပြုရပါတယ်။ တစ်ခါတစ်ရံ ကြာမြင့်စွာ အသုံးမပြုဘဲထားရှိပါက မှင်
ခဲသွားတတ်ပါတယ်နော်။ ဒီတော့ မှင်မခဲသွားအောင် မကြာခဏ Print ထုတ်ပေးဖို့ လိုအပ်ပါတယ်။
ကဲ... အခုလောက်ဆိုရင်တော့ InkJet Printers အကြောင်း သိသင့်သလောက်တော့ သိသွားပြီပေါ့နော်။
|