Welcome To My Blog ၊ ခုမှစမ်းသပ်နေပါသဖြင့်ခွင့်လွတ်ကြပါခင်ဗျား။အားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါသည်။


   
  ITMM
  North Bridge ၏တာဝန်များ
 

North Bridge ၏ တာဝန်များ

North Bridge ဆိုတဲ့ ခေါင်းစဉ်လေးကို အတိအကျ ဘာသာပြန်ရမယ်ဆိုရင်တော့ "မြောက်ဘက် တံတား" ဆိုပါတော့။ "တံတား" ဆိုတဲ့ စကားလုံးလေးက လှသလို သူ့ရဲ့ အလုပ်ကလည်း လှသပ။ ဘာကြောင့်လဲ ဆိုတော့ တံတားဆိုတာ တစ်နေရာနဲ့ တစ်နေရာကို ဆက်သွယ်ပေးတယ်ဆိုတာ လူတိုင်းသိပါတယ်။

အခုလည်း North Bridge ဆိုတာ Motherboard ထဲမှာ ပါဝင်တဲ့ Chipset လေး တစ်ခုဖြစ်သလို သူက CPU နဲ့ အနီးဆုံးမှာလည်း ရှိတတ်သေးတယ်။ ပြီးတော့ CPU, RAM နဲ့ Graphic Card တို့အကြား ဆက်သွယ်ပေးတာ ဖြစ်ပါတယ်။ အားလုံး သိကြတဲ့အတိုင်း CPU ဆိုတာကတော့ အရမ်းအလုပ်များတဲ့ ဒါရိုက်တာကြီး လိုပါပဲ။ အလုပ်တစ်ခုခုဆို CPU ဆီ အရင်ရောက်ပြီး လုပ်ခိုင်းတော့တာပါပဲ။ ဒီတော့ CPU မအားလပ်တာတွေဖြစ်ပြီး စောင့်ဆိုင်းရတဲ့အချိန် (Wait State)
တွေ ဖြစ်လာပါရော။ ဒီလိုအခြေအနေတွေကို ကျော်လွှားချင်လို့ Cache ဆိုတဲ့ Data တွေ သိုလှောင်ဖို့ နေရာတွေကို ထားရှိလာတယ်။ အဲဒီနောက် North Bridge ဆိုတဲ့ Chipset ကို CPU နဲ့ RAM အကြား အလုပ်လုပ်ဖို့ တီထွင်ခဲ့ကြပါတယ်။

 


အဲ...ကြုံတုန်းလေး ထပ်ပြောပြပေးချင်တာကတော့ FSB (Front Side Bus) နဲ့ BSB (Back Side Bus) တို့ အကြောင်းပဲ ဖြစ်ပါတယ်။ North Bridge မှ RAM နဲ့ CPU အကြား Data ပို့တဲ့ လမ်းကြောင်းကို Front Side Bus လို့ ခေါ်ပါတယ်။ CPU တွေမှာ ရေးထားတတ်တဲ့ 2.4 GHz, 800 MHz ဆိုတဲ့ နေရာမှာ ရှေ့က CPU Clock Speed ကို ပြောတာဖြစ်ပြီး နောက်က 800 MHz ဆိုတာကတော့ စောစောကပြောခဲ့တဲ့ FSB ပဲ ဖြစ်ပါတယ်။  ပုံလေးကို ကြည့်လိုက်ပါဦးနော်။

 


ကဲ...ခုတော့ Back Side Bus အကြောင်း ဆက်ရှင်းပြမယ်နော်။ သူကတော့ CPU အတွင်းမှာရှိတဲ့ လမ်းကြောင်းပါပဲ။ ပုံလေးနဲ့ တကွ ရှင်းပြမယ်နော်။

 

ပုံမှာ တွေ့တဲ့အတိုင်းပါပဲ။ BSB ဆိုတာက Main CPU နဲ့ Level 2 (L2) Cache အကြား လမ်းကြောင်းပဲ ဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ နားလည်ပြီထင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ North Bridge ကို CPU, RAM နဲ့ Graphic Card အကြား အလုပ်လုပ်ဖို့
အသုံးပြုပြီးတော့ သူ့ကို GMCH လို့လဲ ခေါ်သေးတယ်နော်။ GMCH ဆိုတာကတော့ Graphic Memory Controller Hub တဲ့။
Graphic Card နဲ့ Memory (RAM) ကို ထိန်းချုပ် (Control) ထားတယ်ဆိုတဲ့ သဘောပါပဲ။ အဲ...ဒီ့အပြင် North Bridge က South Bridge နဲ့လည်း ချိတ်ဆက်ထားသေးတယ်နော်။ South Bridge အကြောင်း စိတ်ဝင်စားတယ်ဆိုရင် " South Bridge ၏တာဝန်များ " ဆိုတဲ့သင်ခန်းစာမှာ လေ့လာဖတ်ရှုနိုင်ပါတယ်။

 
 
 
  Today, there have been 12 visitors (13 hits) on this page!  
 
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free