PCI Express အကြောင်းသိကောင်းစရာများ
PCI Express Bus ကို ၂၀၀၂ ခုနှစ် ဇူလိုင်လမှာ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Data Interface လုပ်တဲ့ နေရာမှာ ဒီ PCI Express ဟာ ရိုးရိုး PCI နှင့် ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ PCI Bus က Data Transfer လုပ်တဲ့နေရာမှာ Parallel Interface နဲ့ သွားတာဖြစ်ပြီး၊ PCI Express ကတော့ Serial Interface နဲ့သွားတဲ့ Bus တစ်ခု ဖြစ်ပါတယ်။ နောက်ပြီး PCI Bus ထက်လည်း Bandwidth ပိုကြီးပါတယ်။
PCI Express ရဲ့ အသွင်သဏ္ဍာန်များ
PCI Express မှာ သူ့မှာ အဆင့်ဆင့်ထွန်းကားလာတဲ့ Version တွေ အများကြီး ရှိပါတယ်။ အဲ့ဒီ ထွန်းကားလာတဲ့ version တွေကတော့ 1x၊ 2x၊ 4x၊ 5x၊ 8x၊ 12x၊ 16x၊ 32x တို့ပဲ ဖြစ်ပါတယ်။ ဒီ Version တွေရဲ့ Data သယ်တဲ့ Speed က 250 Mbps ကနေ 8 Gbps အထိ ရှိကြပါတယ်။ တနည်းအားဖြင့် ပြောရရင် AGP 8x Port တွေထက် လေးဆနီးပါးထိ Support လုပ်နိုင်ပါတယ်။ နောက်ပြီး PCI Express နှင့် AGP Port တို့ရဲ့ထုတ်လုပ်တဲ့ ကုန်ကျစရိတ် Cost ဟာလည်း အတူတူပဲ ဖြစ်ပါတယ်။ တကယ်တော့ PCI Express ဆိုတာက AGP ကို အဆင့်မြှင့်ပြီး အစားထိုး ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။
PCI Express Connector များ
PCI Express Connector ကို Motherboard ပေါ်မှာကြည့်မယ်ဆိုရင် သိသာ ထင်ရှားပါတယ်။ သူတို့ရဲ့ အရွယ်အစားလေးက သေးငယ်ပြီးတော့ အရောင်ကလည်း မီးခိုးရောင်မှိုင်းမှိုင်းလေးရှိတာ ဖြစ်တဲ့အတွက် မှတ်သားရလည်း လွယ်ကူပါတယ်။ PCI Express Connectors တွေဟာ အရင် PCI connector တွေနှင့် မတူတဲ့အချက်တွေ ရှိပါတယ်။ တနည်းအားဖြင့် Compatible မဖြစ်ဘူးပေါ့။ ဘာတွေ ကွာခြားသလဲဆိုတော့ အရွယ်အစား (size) တွေ ကွာတယ်။ နောက်ပြီး လျှပ်စစ်အသုံးပြုမှုမှာလည်း ကွာခြားမှု ရှိနေပါတယ်။ Power Consumption မတူဘူးပေါ့။ PCI Express ဟာ PCI ထက်စာရင် လျှပ်စစ်အသုံးပြုမှု နည်းပါးပါတယ်။ အဲ့ဒီထဲကမှ ပိုပြီးထူးခြားတဲ့ လက္ခဏာ တစ်ရပ်ကို ပြောပြချင်ပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ကား PCI Express ဟာ Hot Pluggable ရတဲ့ Bus တစ်ခု ဖြစ်ပါတယ်။
Hot Pluggable ဖြစ်တယ်ဆိုတာ ဘာလဲ။ Hot Pluggable ဖြစ်တယ်ဆိုတာက ဒီ PCI Express Bus ကို တပ်ဆင်အသုံးပြုပြီးလို့ ပြန်ဖြုတ်ချင်တယ်ဆိုရင် မိမိအသုံးပြုနေတဲ့ စက်ကနေပြီးတော့ Shut Down လုပ်စရာ၊ Log Off လုပ်စရာ မလိုပဲ အလွယ်တကူ ဆွဲဖြုတ်ယူသွားလို့ ရနိုင်ပါတယ်။ ပိုပြီးတော့ နားလည်အောင် ပြောရမယ်ဆိုရင် ဥပမာ-USB Drive လိုပါပဲ။ USB Drive ကို မိမိစက်မှာ တပ်ဆင်အသုံးပြုပြီးတော့ ပြန်ဖြုတ်တော့မယ်ဆိုရင် စက်ကို Shut Down လုပ်စရာ မလိုဘူးလေ။ ဒီအတိုင်းလေး ဆွဲဖြုတ်လိုက်ရုံပဲ။ ဒီ PCI Express ကလည်း ဒီအတိုင်းပဲ။ ကွန်ပျူတာမှာ တပ်ဆင်အသုံးပြုပြီးရင် စက်ကို Shut down မလုပ်ပဲ ဆွဲဖြုတ်လိုက်ရင် ရပါတယ်။ ဒါကိုပဲ Hot Pluggable ဖြစ်တယ်လို့ ပြောတာပါ။
1. PCI Express 1x Connector မှာ Pin အရေအတွက်အားဖြင့် 36 pin ပါရှိပြီးတော့ သူ့ကို Bandwidth ကြီးတဲ့ I/O တွေမှာ အသုံးပြုကြပါတယ်။
2. PCI Express 4x Connector မှာတော့ Pin အရေအတွက် 64 Pin ပါပြီးတော့ Server တွေမှာ အသုံးပြုပါတယ်။
3. PCI Express 8x Connector မှာ 98 pin ပါပါတယ်။ ဒီ PCI Express 8x Connector ကိုလည်း Server တွေမှာပဲ အသုံးပြုပါတယ်။
4. PCI Express 16x Connector မှာကျတော့ Pin အရေအတွက် 164 Pin ပါ ရှိပါတယ်။ ဒီ PCI Express 16x ရဲ့ အလျားအရှည်က 89 မီလီမီတာ အရှည်ရှိပါတယ်။ သူ့ကိုကျတော့ Graphic Port တွေမှာ အသုံးပြုပါတယ်။
PCI Express Standard တွေကို PC Card Technology နည်းပညာဖြစ်တဲ့ ဥပမာ-PCI Express Mini Card Connector အစား အသုံးပြုရန် အစားထိုးပြီး ထုတ်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့သလိုမျိုး ဘာလို့ PCI Express တွေကို အစားထိုးပြီး ထုတ်လုပ်လာခဲ့ရလဲဆိုတော့ PCI Connector တွေက ကွန်ပျူတာရဲ့ အတွင်းပိုင်းမှာပဲ (Internal) ချိတ်ဆက် အသုံးပြုနိုင်ပြီးတော့ PCI Express Standard ကျတော့ အပြင်ပိုင်း External ကျတဲ့ ပစ္စည်းတွေနှင့် ချိတ်ဆက်တဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။ အဲ့ဒီလို ချိတ်ဆက်အသုံးပြုတဲ့အခါမှာ Cable တွေနှင့် ချိတ်ဆက်ပြီး အသုံးပြုတာ ဖြစ်ပါတယ်။
|