Norton ၏ Speed Disk ကိုလေ့လာခြင်း
အခုပြောမယ့်အကြောင်းအရာလေးကတော့ ကွန်ပျူတာ တစ်လုံးမှာ မရှိမဖြစ်လိုအပ်သော၊ ဒါပေမယ့် ခဏခဏလည်း သုံးစရာမလိုတဲ့ အကြောင်းအရာလေး ဖြစ်ပါတယ်။ Norton ၏ Speed Disk ပဲ ဖြစ်ပါတယ်။ Norton Speed Disk ဆိုတာက အမှန်မှာတော့ Windows ရဲ့ Disk Defragment နှင့် အတူတူပါပဲ။ Defrag ဖြစ်နေသော ပြန့်ကြဲနေသော File တွေ၊ Folder တွေ၊ Free Space တွေကို ပြန်လည်၍ စီတာ၊ စုစည်းတာ ဖြစ်ပါတယ်။ Disk Defragment ကကျတော့ Windows မှာ တစ်ခါတည်းပါလာတဲ့ Program လေး ဖြစ်တယ်။ ဒီ Norton Speed Disk ကကျတော့ သပ်သပ်ကို Install လုပ်မှသာ အသုံးပြုလို့ရတာ ဖြစ်တယ်။ ကွန်ပျူတာမှာ File တွေ၊ Folder တွေ၊ Data တွေ အချက်အလက်တွေဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ သူ့နေရာနဲ့သူ စီစီရီရီ မရှိပဲနဲ့ ပြန့်ကြဲလာတတ်ပါတယ်။ ဒီတော့ အဲ့ဒီ File တွေ၊ Folder တွေကို ပြန်ပြီးတော့ မစီဘူးဆိုရင်
ကွန်ပျူတာဟာ သုံးလို့တော့ရနေတာဘဲ ဒါပေမယ့် သုံးရင်းနဲ့ နှေးလာတာတို့၊ နောက်ပြီးတစ်ချို့ Size ကြီးတဲ့ Program တွေကိုခေါ်ရင် အလွန်ကို နှေးတတ်၊ ကြာတတ်ပါတယ်။ ဒါဟာဆိုရင် File တွေ၊ Folder တွေ Defragment ဖြစ်နေတာ ဖြစ်တတ်ပါတယ်။ အဲ့ဒီတော့ ဘာလုပ်ရမလဲ အဲ့ဒီ Defragment ဖြစ်နေတဲ့ File တွေ၊ Folder တွေကို ပြန်ပြီးတော့ စီပေးမှာပေါ့။ Windows မှာပါတဲ့ Disk Defragment နှင့် ပြန်စစ်ရင်တော့ရပါတယ်။ ဒါပေမယ့် Norton Speed Disk နှင့် Run ပေးရင်တော့ ပိုကောင်းပါတယ်။ Norton Speed Disk မှာ ပိုပြီးတော့ အားသာတဲ့အချက်တွေ ရှိပါတယ်။
File တွေ၊ Folder တွေ Defragment ဖြစ်တယ် ဆိုတာက ကွန်ပျူတာမှာ Software တွေ၊ Program တွေ၊ Data အချက်အလက်တွေ အသုံးပြုတာများလာတဲ့အခါကျတော့ File တွေကို ရေးလိုက် ပြန်ဖျက်လိုက်၊ Program တွေကို Install လုပ်လိုက် ပြန်ပြီးတော့ Uninstall လုပ်လိုက်နဲ့ဆိုတော့ Hard Disk မှာ File တွေ၊ Folder တွေဟာ ဟိုနေရာတစ်ကွက် ဒီနေရာတစ်ကွက်နှင့် ပြန့်ကြဲနေတာပေါ့။ Free Space တွေကလည်း ဟိုနေရာလွတ်လိုက်၊ ဒီနေရာလွတ်လိုက်နဲ့ ဖြစ်နေတတ်ပါတယ်။ အဲ့ဒီလိုမျိုး ပြန့်ကြဲနေတဲ့ အခါကျတော့ Data တွေ အချက်အလက်တွေကို Hard Disk မှာ တစ်ခါပြန်သိမ်းတဲ့အခါမှာ တစ်ချို့ File တွေဟာ Size တွေကြီးတဲ့အတွက် Hard Disk မှာရှိတဲ့ Free Space မှာ မဆန့်လို့ File တွေ၊ အချက်အလက်တွေကို ဟိုနေရာတစ်ကွက် ဒီနေရာတစ်ကွက် သိမ်းရတယ်။ အဲ့ဒီတော့ ဒီ File တွေကို ပြန်ခေါ်တဲ့အခါမှာလည်း Hard Disk ဟာ ဟိုတစ်ကွက် ဒီတစ်ကွက်ရှိနေတဲ့ File တွေကို တစ်ခုချင်း စီလိုက်ပြီးတော့ ခေါ်တင်နေရတဲ့အခါကျတော့ File တက်တာက ကြာနေပြန်ရော။
အဲ့ဒါအပြင် Software Application တွေကို Install လုပ်တဲ့အခါမှာကျတော့ ပိုတောင် ဆိုးသေးတယ်။ ဥပမာ- Size ကြီးသော Program တစ်ခုဖြစ်တဲ့ AutoCAD တို့လို Program တွေကို Install လုပ်တော့မယ်ဆိုရင် Free Space အများကြီး လိုပါတယ်။ File တွေက ပြန့်ကြဲနေတဲ့အခါကျတော့ လိုအပ်သလောက် Free Space ကို မရဘူး။ ဒီတော့ AutoCAD ကို Install လုပ်တဲ့အခါ Hard Disk ဟာ အဲ့ဒီ AutoCAD ကို သိမ်းတဲ့အခါမှာလည်း Free Space ရှိတဲ့နေရာမှာ သိမ်းမယ်။ အဲ့ဒါမှ မဆန့်တော့ရင် နောက် Free Space တစ်ခုမှာ ထပ်သိမ်းတယ်။ အဲ့ဒါလဲ မလောက်ရင် နောက်တစ်နေရာမှာ သိမ်းပြန်တယ်။ ဒီတော့ ဒီ AutoCAD တစ်ခုတည်းကိုပဲ သုံးနေရာလောက် သိမ်းနေရတယ်ဆိုတော့ ကောင်းအုံးမလား။ အဲ့ဒီ AutoCAD ကိုပဲ အသုံးပြုဖို့ ပြန်ခေါ်တဲ့အခါမှာ Hard Disk ဟာ Program တစ်ခုကို သုံးနေရာလောက်ရှာပြီးတော့ ခေါ်နေရတော့ ကြာတာပေါ့။ ဒီတော့ စက်က လေးတယ်ဖြစ်ကုန်ရော။ ဒီလိုမျိုးတွေဟာ ဒါ File တွေ၊ Program တွေ ပြန့်ကြဲနေလို့ ဖြစ်တာပါ။ အဲ့ဒီတော့ ဒီလိုဖြစ်တာတွေကို ဘယ်လိုပြန်လုပ်ရမလဲဆိုတော့ ဒီ ပြန့်ကြဲနေတဲ့ File တွေ၊ Folder တွေကို ပြန်ပြီးတော့ စုစည်းပေးခြင်းဆိုတဲ့ Disk Defragment လုပ်ပေးရပါတယ်။
အခုကတော့ ဒီမှာပြောမယ့်အကြောင်းကတော့ Windows မှာ တစ်ခါတည်းပူးတွဲပါလာတဲ့ Disk Defragment ကို Run ပြပေးမှာတော့ မဟုတ်ပါဘူး။ Defrag ကို Scandisk ကို Run ပေးပြီးတော့မှ Run ပေးရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ Norton Speed Disk က Hard Disk မှာ Error တွေမရှိမှ ပြန့်ကြဲနေတဲ့ File တွေ၊ Folder တွေ၊ Data အချက်အလက်တွေကို ပြန်စီပေးတာဖြစ်တယ်။ ဒါကြောင့်မို့ Norton Speed Disk ကို မိမိရဲ့ ကွန်ပျူတာမှာ Run ပေးမယ်ဆိုရင် အရင်ဆုံး Scandisk ကို Run ပေးလိုက်ပါ။ နောက်ပြီးတော့ အလွန်အလုပ်များတဲ့ စက်တွေမှာသာ တစ်လတစ်ခါလောက် Run ပေးပါ။ ဒါဆိုရင် File တွေ ပြန့်ကြဲလို့ စက်လေးတာတွေ ကြာတာတွေ မဖြစ်တော့ပါဘူး။ တကယ်တော့ Norton Speed Disk မှာ Windows မှာ တစ်ခါတည်း ပူးတွဲပါလာပြီးသားဖြစ်တဲ့ Disk Defragment နှင့် အတူတူပါပဲ။ ဒါပေမယ့် ဒီမှာ အခုပြောမှာက Windows မှာ သီးသန့် Install လုပ်ပြီးတော့မှ သုံးလို့ရတဲ့ Norton Speed Disk ကို Run ပြပေးမှာ ဖြစ်တယ်။ ဒီ Norton Speed Disk ကို Run ရင်တော့ အချိန်နည်းနည်းပေးရပါတယ်။ နောက်ပြီးတော့ Hard Disk ရဲ့ Free Space ကလည်း အနည်းဆုံး Hard Disk ရဲ့ 15% လောက် နေရာလွတ်ရှိဖို့လိုပါတယ်။ အဲ့ဒီလောက်နေရာလွတ် မရှိလျင်တော့ Defrag Run ပေးမှာ မဟုတ်ပါဘူး။ တစ်ခါတစ်ရံကျတော့လည်း Defrag ကို Run ပေးတာကို Free Space ရှိရဲ့သားနဲ့ မ Run ဘဲနေတာတွေ ဘာတွေ ဖြစ်နေတတ်ပါတယ်။ ဒါဆိုရင် Scandisk ကို တစ်ခေါက်ပြန် Run ပေးပြီးတော့မှ ပြန် Run ကြည့်ပေးလိုက်ပါ။ ဒါဆိုရင် ကောင်းကောင်း Defrag လုပ်ပေးပါလိမ့်မယ်။ နောက်တစ်ခုက Defrag Run နေတဲ့အခါမှာ နောက်ဘယ် Software ကိုမှ မသုံးတာ ကောင်းပါတယ်။ သုံးလို့တော့ ရတယ်။ ဒါပေယ့် မသုံးတာ အကောင်းဆုံးပါပဲ။
ပုံ (၁)
ဟုတ်ပြီ ဒါဆို Defrag ကို စ Run တော့မယ်။ ပြောမယ်။ Norton Disk Doctor ကို မိမိရဲ့ ကွန်ပျူတာမှာ Install လုပ်ပြီးသား ဖြစ်နေရမယ်။
• Start Menu ထဲကို ၀င်လိုက်ပါ။ Norton Speed Disk ထဲကိုဝင်လိုက်ပါ။ အောက်ပါ ပုံ (၁) လေးအတိုင်း တွေ့မယ်နော်။
• အဲ့ဒီမှာ ကိုယ် Run ချင်တဲ့ Hard Drive ကို ရွေးပြီးတော့ Select မှတ်လိုက်ပါ။ ဥပမာ Drive C ကို ပြန်စီမယ်ဆိုရင် Drive C ကို Select မှတ်ပေးလိုက်ပါ။ ပြီးရင် Start Optimizing ကို Click တစ်ချက် နှိပ်လိုက်ပါ။ ပြန့်ကြဲနေသော File တွေ၊ Folder တွေကို ပြန်စီနေပုံကို တွေ့ရပါလိမ့်မယ်။ ဒါဆိုရင် ပြီးပြီ။ Defrag Run တာ ပြီးသွားရင်တော့ ပုံ (၂) ကို တွေ့ရမှာပါ။ ဒါဆိုရင် Defrag Run တာ ပြီးသွားပါပြီ။ Ok ကို Click တစ်ချက် နှိပ်လိုက်ပါ။
ပုံ (၂)
အဲ့ဒီတော့ Norton Speed Disk ကို Run တာ ပြီးသွားပြီဆိုရင် မိမိရဲ့ကွန်ပျူတာမှာ ပြန့်ကြဲနေသော File တွေ၊ Folder တွေဟာ ပြန်ပြီးတော့ သပ်သပ်ရပ်ရပ်လေးတွေနှင့် ပြန်ဖြစ်သွားမှာပါ။ ဒါဆိုရင် ကွန်ပျူတာဟာလည်း အရက်ကထက် ပိုလို့ မြန်သွားပါလိမ့်မယ်။ မိမိရဲ့ ကွန်ပျူတာမှာ File တွေ၊ Folder တွေ Defrag ဖြစ်တယ်ဆိုရင် ဒီ Norton Speed Disk ကို Run ပေးလိုက်ပါ။ ဒါဆိုရင် ပြန်စီပေးသွားပါလိမ့်မယ်။ ဒီတော့ Norton Speed Disk ကို သုံးတတ်သွားပြီဆိုရင် ဒီမှာပဲ Norton Speed Disk အကြောင်းကို အပြီးသတ်လိုက်ပါမယ်။
|