Welcome To My Blog ၊ ခုမှစမ်းသပ်နေပါသဖြင့်ခွင့်လွတ်ကြပါခင်ဗျား။အားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါသည်။


   
  ITMM
  Printer ဘယ်နှစ်မျိုးရှိသလဲ
 

Printer ဘယ်နှစ်မျိုးရှိသလဲ

High-end Inkjet Printer Printer ဆိုတာ စာရွက်ပေါ်မှာ စာနှင့်ပုံတွေကို ရိုက်နှိပ်ထုတ်လုပ်ပေးတဲ့ Device တစ်ခု ဖြစ်ပါတယ်။

Printer ကို အဓိက အပိုင်းကြီးနှစ်ပိုင်းနဲ့ ခွဲခြားသတ်မှတ်နိုင်ပါတယ်။ ၎င်းတို့ကတော့ Impact Printer နှင့် Non-impact Printer တို့ပဲ ဖြစ်ကြပါတယ်။ Impact Printer က ပုံတွေနှင့်စာတွေကို ထုတ်လုပ်ရာမှာ Print Head ပေါ်မှာရှိတဲ့ အလွန်သေးငယ်သော ၀ါယာကြိုးမျှင်သေးသေးလေးက Ink Ribbon ကို ရိုက်နှိက်ပြီး၊ အဲဒီ Ink Ribbon လေးက စာရွက်ကို တိုက်ရိုက်ထိတွေ့ပြီးတော့ ပုံတွေ၊ စာတွေကို ရိုက်နှိပ်ပေးပါတယ်။ Non-Impact Printer ကတော့ စာရွက်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းမရှိဘဲ ပုံတွေ၊ စာတွေကို ထုတ်လုပ်ပေးခြင်း ဖြစ်ပါတယ်။

Printer ကို Print Method သို့မဟုတ် Print နည်းပညာတွေပေါ် မူတည်ပြီးလည်း အမျိုးအစား ခွဲခြားနိုင်ပါတယ်။ ၎င်းတို့ကို Inkjet Printer၊ Laser Printer၊ Dot-matrix Printer၊ Thermal Printer ဆိုပြီး ခွဲခြားနိုင်ပါတယ်။ ၎င်းတို့ထဲကမှ Dot-matrix Printer သာလျင် Impact Printer ဖြစ်ပြီး၊ အခြားသော Printer များမှာ Non-Impact Printer များ ဖြစ်ကြပါတယ်။

အချို့ Printer တွေကို သူတို့ရဲ့ဒီဇိုင်းနဲ့ သူတို့ရဲ့ အထူး Funtions တွေပေါ် မူတည်ပြီး Photo Printers, Portable Printers နှင့် All-in-one Multifunction Printers ရယ်ဆိုပြီး ခေါ်ဝေါ်ကြပါတယ်။ အဲဒီထဲကမှ Photo Printers နှင့် Portable Printers တွေက Inkjet Print Method ကို အသုံးပြုပြီး၊ Multifunction Printers တွေမှာတော့ Inkjet Print Method သို့မဟုတ် Laser Print Method ကို အသုံးပြုကြပါတယ်။

Inkjet Printers နှင့် Laser Printers တွေကို အိမ်သုံးနှင့် စီပွားဖြစ်ရုံးသုံးအဖြစ် အများဆုံး အသုံးပြုကြပါတယ်။ Dot Matrix Printer တွေကို ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်လောက်က အရမ်းလူသိများထင်ရှား ကျော်ကြားခဲ့ပြီး အိမ်သုံးအတွက် အသုံးပြုခဲ့ကြပါတယ်။ တဖြည်းဖြည်းနဲ့ နောက်ပိုင်းမှာ အိမ်သုံးအတွက် Inkjet Printers တွေကို အစားထိုး အသုံးပြုလာကြပါတယ်။ သို့ပေမယ့်လည်း Dot Matrix Printer တွေကို အချို့စီးပွားရေးလုပ်ငန်းတွေမှာ Multi-part forms နှင့် Carbon copies တွေကို Print ထုတ်လုပ်ဖို့ရန်အတွက် အသုံးပြုနေဆဲပဲ ဖြစ်ပါတယ်။ Thermal Printers တွေကို ATM ၊ Cash registers နှင့် Point-of-sales Terminals တွေမှာ အသုံးပြုကြပါတယ်။ အချို့သော Label Printers နှင့် Portable Printers တွေမှာလည်း Thermal Printing ကို အသုံးပြုကြပါတယ်။

လူတွေကြားမှာ အရမ်းရေပန်းစားလာတဲ့ Digital Camera၊ Laptop နှင့် SoHo (Small office/Home office)တွေရဲ့ တောင်းဆိုမှုအရ Photo Printers၊ Portable Printers နှင့် Multifunction Printers တွေဟာ ဒီဘက်နှစ်တွေမှာ တော်တော်များများ တိုးလာတာကို တွေ့ရပါတယ်။

Inkjet Printers

 Inkjet PrinterInkjet Printers တွေက Non-impact Printers ဖြစ်ပြီး၊ အလွန်သေးငယ်သော မှင်ရည် အစက်အပျောက်လေးတွေကို စာရွက်ပေါ်မှာ ဖျန်းပက်ပြီး စာတွေနှင့် ပုံတွေကို ရိုက်နှိပ်ပေးပါတယ်။ Inkjet Printer တွေကို အိမ်သုံးအတွက် အများဆုံးအသုံးပြုကြပါတယ်။
သို့သော်လည်းပဲ Inkjet Printers တွေကို ထုတ်လုပ်တဲ့နည်းပညာတွေ မြင့်မားလာတဲ့နှင့်အမျှ အိမ်သုံးအတွက်သာမက သေးငယ်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာလည်း အသုံးပြုလာကြတာကို တွေ့ရပါတယ်။ ဒီလို အဆင့်မြင့်တဲ့ Inkjet Printers တွေကို Graphic ကြော်ငြာတွေနှင့် Technical Drawing တွေကို ထုတ်တဲ့နေရာမှာ အသုံးပြုကြပါတယ်။

Inkjet Printer အများစုကို ဈေးသက်သက်သာသာနဲ့ ရရှိနိုင်ပါတယ်။ Printer ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက Printer ရဲ့ ဈေးနှုန်းတွေကို လျှော့ချပြီးရောင်းချနေသော်လည်းပဲ Printer မှာ အသုံးပြုတဲ့ Catridges လို့ခေါ်တဲ့ မင်ဘူးကို အစားထိုးလဲလှယ်အသုံးပြုတဲ့အခါမှာတော့ ၎င်းလဲလှယ်ရမည့် Catridges ရဲ့တန်ဖိုးဟာ Printer တစ်လုံးနီးပါးလောက် ဖြစ်နေပါတယ်။ အဲဒီအတွက်ကြောင့် အသုံးပြုသူတွေဟာ Catridges တွေကို အစားထိုးအသုံးပြုခြင်းထက် Refill ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ ၎င်းတို့၏ Catridges နဲ့ သင့်တော်သော ဈေးသက်သာသည့် ပုံစံတူ Catridges ကို ၀ယ်ယူသုံးစွဲခြင်းဖြင့်လည်းကောင်း ကုန်စရိတ်ကို လျှော့ချတတ်ကြပါတယ်။

Inkjet Printers ရဲ့ အကျိုးကျေးဇူးတွေကတော့-
(၁) စရိတ်စက အရမ်းသက်သာခြင်း
(၂) အရည်အသွေးကောင်းမွန်ခြင်း
(၃) ပုံတွေကို Print ထုတ်ဖို့ရန်အတွက် ကောင်းမွန်ခြင်း
(၄) အသုံးပြုရန်လွယ်ကူခြင်း
(၅) သင့်တင့်မျှတပြီး လက်ခံနိုင်ဖွယ်ဖြစ်ခြင်း
(၆) Dot Matrix Printer တွေထက်စာလျင် အသံညင်သာမှုရှိခြင်း
(၇) Warm Up Time မလိုအပ်ခြင်း စသည်တို့ ဖြစ်ပါတယ်။

(Warm Up Time ဆိုတာက Printer က Print ထုတ်ခါနီးတွင် Printer ကို နှိုးဆွပေးတဲ့အချိန်ကို ပြောခြင်းဖြစ်ပါတယ်။ များသောအားဖြင့် Laserjet Printer တွေမှာ တွေ့ရပါတယ်။)

Inkjet Printer ရဲ့ အားနည်းချက်တွေကတော့-
(၁) Print head က ကြာရှည်ခံနိုင်မှုမရှိတဲ့အတွက် ပျက်စီးရန်လွယ်ကူခြင်း
(၂) အစားထိုးလဲလှယ်ရသည့် Ink Cartridges က ဈေးကြီးခြင်း
(၃) စာရွက်ရေများများမထုတ်နိုင်ခြင်း
(၄) Print ထုတ်ပေးနိုင်တဲ့ လျင်မြန်မှုနှုန်းက Laser Printer လောက် မမြန်ခြင်း
(၅) မှင်ဗူးမှ မှင်ထွက်ကျတတ်ခြင်းတို့ကြောင့် စာရွက်ပေါ်မှာ မှင်ပေကျံပြီး ပုံတွေ ၀ါးတားတားဖြစ်ခြင်း
(၆) ရေစက်သေးသေးမွှားမွှားလေးနှင့်ထိလျင်တောင် မှင်မှာ စာရွက်ပေါ်တွင် ပြန့်ထွက်သွားပြီး စာတွေ၊ ပုံတွေမှာ ၀ါးတားတား ဖြစ်ခြင်း
(၇) Inkjet Printer က ထွက်လာတဲ့ စာရွက်ပေါ်တွင် Highlighter Marker အသုံးပြုလို့မရနိုင်ခြင်း စသည်တို့ ဖြစ်ပါတယ်။

Laser Printers

Laserjet-printer Laser Printers ကလည်း Non-impact Printer ပဲ ဖြစ်ပါတယ်။ ၎င်း Laser Printerက အရည်အသွေးမြင့်မားတဲ့ Resolution ၆၀၀ နှင့် ၁၂၀၀ ကြားရှိတဲ့ ပုံတွေနှင့် စာတွေကို အရှိန်မြန်မြန်နဲ့ ရိုက်ထုတ်ပေးနိုင်ပါတယ်။

Inkjet Printer နဲ့မတူတဲ့ ကွားပြားချက်တွေကတော့ မှင်အရည်ကိုအသုံးမပြုဘဲ Powder မှုန့်လေးတွေကို သုံးပါတယ်။ ၎င်း Powder မှုန့်လေးတွေ ထည့်ထားတဲ့ဗူးကို Toner လို့ခေါ်ပါတယ်။ Black Powder မှုန့်နှင့် Colored Powder မှုန့်ဆိုပြီး ရှိပါတယ်။ Laser Printer မှာ အဓိက ပါဝင်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေကတော့ Drum Cartridge၊ Rotating Mirror၊ Toner Cartridge နှင့် Roller တို့ပဲ ဖြစ်ပါတယ်။

Laser Printer သည် စာလုံးတွေ ပုံဖော်ဖို့ရန်အတွက် Laser အလင်းတန်းကို သုံးပါတယ်။ Laser  အလင်းတန်းက Electronics Charge တွေ စီးနေတဲ့ Drum ကို ထိုးဖောက်လိုက်တဲ့အခါ Charge တွေဟာ Computer က အမိန့်ပေးလိုက်တဲ့အတိုင်း စာလုံးပုံသဏ္ဍာန် ပြောင်းလဲသွားပါတယ်။ Drum က Toner (မှင်ဘူး)ကို ဖြတ်ပြီးတဲ့အခါ Electronics Charge တွေက မှင်မှုန့်တွေကို ဆွဲယူသွားပါတယ်။ Drum က ဆက်လိမ့်သွားပြီး မင်မှုန့်တွေကို စာရွက်ပေါ်ဖြူးချလိုက်တဲ့အခါ စာလုံးပုံစံပေါ်နေပြီဖြစ်တဲ့ မှင်မှုန့်တွေဟာ စာရွက်ပေါ်မှာ တင်ရုံကလေး တင်နေပါပြီ။ အဲဒီလို တင်ရုံကလေး တင်နေတဲ့ မင်တွေကို စာရွက်နဲ့တသားတည်းဖြစ်အောင် Fuser က  အပူပေးလိုက်ပါတယ်။ Fuser က ထွက်လာတဲ့ စာရွက်သည် Printerရဲ့ အပြင်ဘက်ကို ထုတ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ Color Printer ကလည်း Black and White Printer လိုပဲ အလုပ်လုပ်ပါတယ်။ သူ့မှာက အရောင်လေးရောင်ပါတဲ့ မှင်ဘူးလေးဘူးနဲ့ Print လုပ်ပါတယ်။

Laser Printer ရဲ့ အကျိုးကျေးဇူးတွေကတော့-   
(၁) Resolution လို့ခေါ်တဲ့ စာရွက်ပေါ်မှာ ပုံရိပ်ထင်ဟပ်မှုဟာ အရမ်းကောင်းမွန်ခြင်း
(၂) မြန်မြန်ဆန်ဆန် Print ထုတ်နိုင်ခြင်း
(၃) Inkjet Printer နှင့် နှိုင်းယှဉ်လျင် စာရွက်တစ်ရွက်ခြင်း၏ ကုန်ကျစရိတ်သက်သာခြင်း
(၄) ထွက်ရှိလာတဲ့ ပုံတွေ၊စာတွေ Printout ဟာ ရေစိုလျင်တောင် ပျက်မသွားခြင်း
(၅) စာရွက်ရေများများထုတ်နိုင်ခြင်း စသည်တို့ဖြစ်ပါတယ်။

Laser Printer ရဲ့ အားနည်းချက်တွေကတော့-   
(၁) Inkjet Printers တွေထက် ဈေးအရမ်းကြီးခြင်း
(၂) နည်းပညာအရမ်းမြင့်မားတဲ့ Laser Printer တွေမှလွဲ၍ Laser Printer အများစုသည် အလွန်တောက်ပသောအရောင်တွေနှင့် အရည်အသွေးကောင်းမွန်တဲ့ ပုံတွေကို ထုတ်လုပ်ရာတွင် စွမ်းဆောင်နိုင်မှု နည်းပါးခြင်း
(၃) Toner နှင့် Drum တွေကို အစားထိုးလဲလှယ်အသုံးပြုသည့်အခါ၌ ကုန်ကျစရိတ်မြင့်မာခြင်း
(၄) Inkjet Priners တွေထက် အရွယ်အစား ကြီးမားခြင်း
(၅) Warm up time လိုအပ်ခြင်း စသည်တို့ ဖြစ်ပါတယ်။

Dot-matrix Printer

Dot-matrixPrinter Printer Dot-matrix Printer က Impact Printer ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း Impact Printer တွေရဲ့ ထုံးစံအတိုင်း Dot-matrix Printer တွေက အလုပ်လုပ်ပါတယ်။ Dot-matrix Printer တွေကို အသုံးပြုမှုအရမ်းနည်းပါးလာသော်လည်း အချို့စီးပွားရေးလုပ်ငန်းတစ်ချို့မှာတော့ အသုံးပြုလျက်ရှိတာကို မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။
Dot-matrix Printer ရဲ့ အကျိုးကျေးဇူးတွေကတော့-
(၁) စာရွက်ဆိုဒ်စုံ၊ ကာဗွန်ကော်ပီ စသည်တို့ကို Print ထုတ်နိုင်ခြင်း
(၂) စာရွက်တစ်ရွက်ခြင်း၏ ကုန်ကျစရိတ် အရမ်းသက်သာခြင်း
(၃) Dot-matrix Printer တွေအတွက် အဓိကထားပြီး ထုတ်လုပ်လိုက်တဲ့ Continuous form paper လိုစာရွက်မျိုးတွေကို အသုံးပြုနိုင်ခြင်း
(၄) ယုံကြည်စိတ်ချရပြီး ကြာရှည်ခံခြင်း အစသည်ရှိတို့ပဲ ဖြစ်ပါတယ်။

Dot-matrix Printer ရဲ့ အားနည်းချက်တွေကတော့-
(၁) အရမ်းဆူညံခြင်း
(၂) သတ်မှတ်ထားတဲ့ အရည်အသွေးလောက်ကိုပဲ Print ထုတ်နိုင်ခြင်း
(၃) Print ထုတ်နိုင်သည့်နှုန်း နှေးကွေးခြင်း
(၄) သတ်မှတ်ထားသည့် အရောင်လောက်ကိုသာ Print ထုတ်ပေးနိုင်ခြင်း စသည်တို့ပဲ ဖြစ်ပါတယ်။

 
 
  Today, there have been 14 visitors (15 hits) on this page!  
 
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free