Welcome To My Blog ၊ ခုမှစမ်းသပ်နေပါသဖြင့်ခွင့်လွတ်ကြပါခင်ဗျား။အားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါသည်။


   
  ITMM
  RAM(Random Access Memory)
 

RAM (Random Access Memory)

အခုတစ်ခါဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ကွန်ပျူတာမှာ ပါဝင်တဲ့  RAM ( Random Access Memory ) အကြောင်းတွေ အခေါ်အဝေါ်တွေကို ပြောပြပေးမှာဖြစ်ပါတယ်။ RAM ဆိုတာဘာလဲ။

640KB barrier

640KB barrier ကို Conventional memory ဟုလည်းတစ်မျိုးခေါ်ပါသေးတယ်။ အဲ့ဒီ 640KB barrier ဆိုတာ Dos mode ဖြင့်ကန့်သတ်ပြီးတော့ပြုလုပ်ပေးထားတဲ့ memory တစ်ခုပဲဖြစ်ပါတယ်။ Dos program များအတွက်ကို memory အသုံးပြုမှုကို စုစုပေါင်း 1MB အထိသာအသုံးပြုခွင့်ပေးထားပါတယ်။ ဒါဟာဘာ့ကြောင့်လဲဆိုလို့ရှိရင်

စုစုပေါင်း Memory 1MB ထဲကမှ DOS နှင့် တစ်ခြား Program တွေအတွက် 640 KB သတ်မှတ်ထားပြီးတော့ ကျန် 384 KB ကိုတော့ အရံအနေနဲ့အသုံးပြုရန်ထားရှိသောကြောင့်ဖြစ်ပါတယ်။

Absolute address

Absolute address ကိုတစ်နည်းအားဖြင့် Directory address ဟုသော်လည်းကောင်း machine address ဟုသော်လည်းကောင်း real address ဟူ၍လည်းခေါ်ကြပါတယ်။  Absolute address ဆိုတာလည်း memory တစ်မျိုးပါပဲ။ Memory အတွက်အထူးသီးသန့်ပြုလုပ်ထားသော Memory address တစ်ခုပင်ဖြစ်ပါတယ်။

Allocation Unit

Allocation Unit ဆိုတာ ကွန်ပျူတာ Harddisk တစ်လုံးမှာ ရှိတဲ့ Sector တွေရဲ့အုပ်စုတစ်ခုပင်ဖြစ်တယ် ။ Memory နှင့်ပတ်သက်ပြီးလေ့လာကြည့်မယ်ဆိုရင် Allocation Unit ဆိုတာ ကွန်ပျူတာကဆောင်ရွက်ရသော ဖြစ်စဉ်တစ်ခုပင်ဖြစ်ပါတယ်။ Program တွေအတွက် data တွေ၊ အချက်အလက်တွေကိုသိမ်းဆည်းပေးတဲ့ memory တစ်ခုပဲဖြစ်ပါတယ်။

BGA

BGA ရဲ့ အရှည်ကောက်က Ball Grid Array ဖြစ်ပါတယ်။ ဒီ BGA ဆိုတာကလည်း memory chip တစ်မျိုးပဲဖြစ်ပါတယ်။ သူ့မှာ တပ်ဆင်ရန်အတွက် ဂဟေဆက်တဲ့ solder ball တွေရှိတတ်ပါတယ်။

Bank

Bank ဆိုတာ memory slot တစ်ခုပါပဲ။ သူကဘာတွေကိုလုပ်ဆောင်သလဲဆိုတော့ကာ လိပ်စာနဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်များကို processor ကတစ်ကြိမ်တည်းဖြင့်လုပ်ဆောင်နို်င်တဲ့ memory ၏အနည်းဆုံးသော ပမာဏဖြစ်ပါတယ်။ အခုဒီမှာ Memory နဲ့ပတ်သက်တဲ့ bank ၏လုပ်ဆောင်ချက်များနှင့် ရှင်းလင်းချက်များကို ဖော်ပြပေးလိုက်ပါတယ်။

ကဲစလေ့လာကြည့်ရအောင်။ 486 ကွန်ပျူတာတစ်လုံးတွင် memory ကို install လုပ်မယ်ဆိုရင် အဲ့ဒီ 486 ကွန်ပျူတာဟာ သူ့ရဲ့ processor ဟာ 32-bit ရှိတဲ့ processor တစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့ အကယ်၍များ 30 pin SIMMs ကိုတပ်ဆင်ရာတွင် ၄င်း 30 pin SIMMs မှာ 8 bit ရှိတယ်လေ။ အဲ့ဒီတော့ memory ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက်ဆိုရင် အဲ့ဒီ ကွန်ပျူတာမှာ memory 4 SIMMs (8x4=32) ကိုတပ်ဆင်မှသာကောင်းကောင်းအလုပ်လုပ်မှာဖြစ်ပါတယ်။  အကယ်၍ pentium ကွန်ပျူတာမှာ memory စိုက်မယ်ဆိုရင် ၄င်း ကွန်ပျူတာရဲ့ processor ဟာ 64-bit ရှိတဲ့ processor အမျိုးအစားဖြစ်တဲ့အတွက်ကြောင့် 32-bit ရှိတဲ့ 72 pin SIMMs ကိုတပ်ဆင်မယ်ဆိုရင် Memory ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ရန် 2 SIMMs (2x32=64) ကိုစိုက်ရမှာဖြစ်ပါတယ်။ ဒါမှ ၄င်း memory မှာ ကောင်းကောင်းအလုပ်လုပ်မှာဖြစ်ပါတယ်။

BEDO DRAM

BEDO DRAM ဆိုတာက အစိတ်အပိုင်းတစ်ခုတည်းတွင် memory address လေးခုကို လုပ်ဆောင်နိုင်သော EDO DRAM အသစ်တစ်မျိုးပင်ဖြစ်ပါတယ်။

Block

Hard disk drive သို့မဟုတ် တစ်ခြားသိမ်းဆည်းမှုများကိုပါလေ့လာကြည့်မယ်ဆိုလို့ရှိရင် ဒီ block ဆိုတာ Data များကိုသိမ်းဆည်းပေးနိုင်တဲ့ အစိတ်အပိုင်းကြီဲးတစ်ခုလုံးကို ခေါ်တာဖြစ်ပါတယ်။

Bubble Memory

Bubble Memory ဆိုတာက သက်ဆိုင်ရာ အလွှာလေးတွေနဲ့ပြုလုပ်ထာတဲ့ non-volatile memory တည်မြဲတဲ့ memory တစ်မျိုးပဲဖြစ်ပါတယ်။ တည်မြဲတဲ့ Memory ဆိုတာက  အဲ့ဒီ bubble memory မှာ သိမ်းလိုက်ပြီဆိုတာနဲ့ ကွန်ပျူတာကို power မပေးထားလည်းပဲ သူ့ထဲမှာ သိမ်းထားတဲ့ Data တွေဟာသူ့ဘာသာသူ တည်မြဲနေမှာဖြစ်ပါတယ်။  အခုလက်ရှိ ကွန်ပျူတာမှာ အသုံးပြုနေကြတဲ့ RAM လို့ခေါ်တဲ့ main memory လိုမျိုး ကွန်ပျူတာ power မရတော့ဘူးဆိုရင် သူ့ထဲမှာ data တွေသိမ်းဆည်းလို့မရတော့ပါဘူး။ ဒါကိုပဲ volatile memory လို့ပြောတာပါ။ ဒီ အခုပြောတဲ့ bubble memory  က non-volatile memory လို့ခေါ်တာပါ။

Buffer

Data အချက်အလက်များ တစ်စုံတစ်ရာကို အသုံးပြုနေစဉ်အတွင်း တစ်ခြား အချက်အလက်များကို memory တွင် ယာယီသိမ်းဆည်းထားတဲ့နေရာကို Buffer ဟုခေါ်တာဖြစ်ပါတယ်။ ဆိုလိုတာက buffer ဆိုတာ တစ်ခြားတစ်ခုလုပ်နေစဉ် နောက်တစ်ခုကို memory တွင်ခေတ္တသိမ်းဆည်းပေးထားတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ယာယီ သိမ်းဆည်းမှုကိုဖော်ပြရာ၌ buffer ဆိုတဲ့စကားလုံးကို အမြဲတမ်းအသုံးပြုကြပါတယ်။

Cache

Cache ကို cash လို့ (ငွေကြေးမှာသုံးသလိုမျိုး) အသံထွက်ရပါတယ်။ Cache ကို ကွန်ပျူတာတွင် main memory မှာဖြစ်စေ တစ်ခြား သိမ်းဆည်းရာမှာဖြစ်စေ အရံအဖြစ်အသုံးပြုသော နေရာတစ်ခုဖြစ်ပြီးတော့ အဲ့ဒီ cache ဟာရေးနိုင်ဖတ်နိုင်တဲ့ speed မြင့်မားမှုလည်းရှိပါတယ်။  Cache အမျိုးအစား နှစ်မျိုးရှိပါတယ်။ အဲ့ဒီ နှစ်မျိုးက Memory cache နှင့် Disk cache တို့ပဲဖြစ်ကြပါတယ်။ Memory cache ဆိုတာက RAM ( SRAM ) ထဲတွင် ရှိတဲ့ memory တစ်မျိုးပဲဖြစ်ပါတယ်။ သူက speed မြင့်မားတဲ့အတွက်ကြောင့် Program များတွင် Data များ၊ instruction အမိန့်များကို ပို၍ရေးနိုင် ဖတ်နိုင်တဲ့ memory တစ်ခုပဲဖြစ်ပါတယ်။ အဲ့သလိုမျိုး Data တွေ၊ instruction တွေကို process လုပ်တဲ့နေရာမှာ ပို၍မြန်ဆန်စွာ process လုပ်နိုင်တဲ့အတွက်ကြောင့် ကွန်ပျူတာအသုံးပြုသူအများစုဟာ DRAM အစား SRAM ကိုအသုံးပြုမှုပိုများလာကြပါတယ်။
နောက် cache တစ်မျိုးဖြစ်တဲ့ Disk cache ဟာလည်း memory cache ကဲ့သို့ပဲ Data အချက်အလက်တွေ ရေးရာ၊ ဖတ်ရာ၌ အသုံးပြုတဲ့ memory  တစ်မျိုးပဲဖြစ်ပါတယ်။  ဒါပေမယ့် သူက memory cache လိုမျိုး အချက်အလက်တွေ ရေးတဲ့ ဖတ်တဲ့နေရာမှာ speed မြင့်မားတဲ့ SRAM ကိုအသုံးမပြုပဲ convertional main memory ကိုသာအသုံးပြုပါတယ်။ နောက်ပြီးတော့ Disk ထဲမှ မကြခဏ ရေးရ၊ ဖတ်ရမည့် Data အချက်အလက်တွေ၊ program တွေကိုတော့ memory buffer တွင်သိမ်းဆည်းပေးထားတာဖြစ်တယ်။ အဲ့ဒီလိုမျိုးသိမ်းဆည်းပေးထားခြင်းဖြင့် program တစ်ခုဟာ disk မှ အချက်အလက်တစ်စုံတစ်ရာ လှမ်းယူတဲ့အခါမှာ သူလိုအပ်တဲ့ အချက်အလက်တွေဟာ Disk chace မှာ ရှိမရှိ အရင်ဦးဆုံး စစ်ဆေးပါတယ်။

ဟိုးအရင် က ကွန်ပျူတာတွေမှာ ဆိုရင် L1 cache တစ်ခုသာပါကြသော်လည်းပဲ အခုနောက်ပိုင်း ကွန်ပျူတာတွေမှာ ဆိုရင် L2 cache အပြင် L3 cache အထိပါပါလာကြပါတယ်။  Disk cache ဟာ Application တွေကိုအသုံးပြုတဲ့နေရာမှာ အလွန်ကိုမြန်ဆန်မှုရှိပါတယ်။

COAST

COAST ဆိုတာအတိုကောက်ခေါ်တာဖြစ်ပါတယ်။ သူ့ရဲ့အရှည်က Cache On ASTick ဖြစ်ပါတယ်။ COAST ဆိုတာ ကွန်ပျူတာ memory ချောင်းပေါ်တွင်အသုံးပြုတဲ့ molude တစ်ခုပဲဖြစ်ပါတယ်။ ဟိုးအရင်ကအသုံးပြုခဲ့ကြတဲ့ ကွန်ပျူတာအဟောင်းများ တွင် L2 cache နှင့် tag memory တို့ကို update လုပ်ရာ၌ သို့မဟုတ် အဆင့်မြှင့်ရာ၌ အသုံးပြုတဲ့ molude တစ်ခုပဲဖြစ်ပါတယ်။

CAS

CAS ဆိုတာ Colum Address Select သို့မဟုတ် Colum Address Stobe ၏အတိုကောက်ခေါ်တာဖြစ်ပါတယ်။ ကွန်ပျူတာတစ်လုံးမှာ CAS ဆိုတာဟာလည်း အရေးပါတဲ့ နေရာတစ်ခုပါပဲ။ ကွန်ပျူတာတစ်လုံးမှာရှိတဲ့ CPU တို့ video card တို့ ဒါမှမဟုတ် တစ်ခြား Hardware ပစ္စည်းတွေကဖြစ်စေ Data များ အချက်အလက်များကို RAM သို့ပို့ပေးရာ၌ ဒီ CAS ကနေတာဝန်ယူဆောင်ရွက်ပေးတဲ့ Signal တစ်ခုဖြစ်ပါတယ်။ နောက်ပြီး RAM မှာ မည်သည့် Data တွေ အချက်အလက်တွေရှိသလဲဆိုတာကိုပါသိနိုင်တဲ့ Signal တစ်ခုပါပဲ။ ဒါ့ကြောင့် ကွန်ပျူတာတစ်လုံးတွင် CAS ဆိုတာဟာလည်း အရေးပါတဲ့ နေရာကနေပါဝင်တဲ့ Signal တစ်ခုပဲဖြစ်ပါတယ် ။

CF

CF ဆိုတာ connection ဆက်သွယ်ရေးကိုဆေင်ရွက်နိုင်သော၊ တစ်စုံတစ်ရာနှင့် ဆက်သွယ်ရာ၌အသုံးပြုရတဲ့ connection pin ပေါင်း 50 pin ရှိတဲ့ storage standard သိမ်းဆည်းမှုဆိုင်ရာ အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ CF ရဲ့ အရှည်ကောက်က CompactFlash ပဲဖြစ်ပါတယ်။ CompactFlash ဆိုတာ PDAs, Digital Camera များနှင့် တစ်ခြားသယ်ယူရလွယ်ကူတဲ့ သက်ဆိုင်ရာပစ္စည်းတွေမှာ အသုံးပြုတဲ့ သိမ်းဆည်းနိုင်တဲ့ ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။

Conventional Memory

Conventional Memory ဆိုတာ ကွန်ပျူတာ memory ရဲ့အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ Memory ၏ စုစုပေါင်း 640 KB သာရှိတဲ့အပိုင်းကို conventional memory ဟုခေါ်တာဖြစ်ပါတယ်။

Core

Core ဆိုတာကတော့ ယနေ့ခေတ်မှာ အသုံးပြုနေကြတဲ့ RAM မတိုင်ခင်အသုံးပြုခဲ့သော RAM ( memory ) တစ်မျိုးပင်ဖြစ်ပါတယ်။ Core ရဲ့ အရှည်ကောက်က Core Dump ပဲဖြစ်ပါတယ်။ တကယ်လို့များ ကွန်ပျူတာ ဒါမမဟုတ် ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ၊ ကွန်ပျူတာ ကွန်ယက် network Device တွေနှင့် တစ်ခြားကွန်ပျူတာနှင့် ဆက်နွယ်နေတဲ့ ပစ္စည်းတွေမှာ တစ်စုံတစ်ရာ မှန်ကန်တိကျတဲ့ Error message တွေကို ထုတ်မပြနိုင်သောအခါများ၌ ဒီ Core ကိုအသုံးပြုပြီးတော့ မှန်ကန်တိကျတဲ့ error message တွေကိုထုတ်ပေးနိုင်ပါတယ်။ အဲ့ဒီလိုမျိုး ဒီ core ကိုအသုံးပြုပြီးတော့ error message ကိုရှာလိုက်ခြင်းအားဖြင့် ဒီ core ဟာ error message တွေကို နံပါတ်များဖြင့်လည်းကောင်း ပြနိုင်သလို၊ နံပါတ်ရော စာသားဖြင့်ပါထုတ်ပြပေးနိုင်ပါတယ်။

C-RIMM

C-RIMM မှာ continuity -RIMM ရဲ့အတိုကောက်ဖြစ်ပါတယ်။ C-RIMM ဆိုတာ ကွန်ပျူတာမှာ အသုံးပြုတဲ့ memory တစ်မျိုးပဲဖြစ်ပါတယ်။ တကယ်တော့ C-RIMM ဆိုတာ C-RIMM memory ကိုအသုံးပြုသော ကွန်ပျူတာများတွင် အဆက်မပြတ် စီးဆင်းနေသော Signal များကို ပို့လွှတ်ပေးနိုင်သော memory တစ်ခုပင်ဖြစ်တယ်။ ဒါပေမယ့် တကယ်တမ်တော့ ၄င်းမှာ အလုပ်မလုပ်တဲ့ အတွက်ကြောင့် ဈေးသက်သာတဲ့ memory တစ်မျိုးဖြစ်ပါတယ်။ အကယ်၍များ မိမိရဲ့ ကွန်ပျူတာမှာ memory bank မရှိဘူးဆိုလို့ ရှိရင် ဒီ C-RIMM memory ကို ကျိန်းသေပေါက်ကို တပ်ဆင်ပေးရမှာဖြစ်ပါတယ်။  အကယ်၍မျး အဲ့သလိုမျိုးတပ်မပေးဘူးဆိုလို့ရှိရင်  ၄င်းကွန်ပျူတာဟာလုံးဝအလုပ်လုပ်လိမ့်မည်မဟုတ်ပါ။

DDR

DDR ဆိုတာ ကွန်ပျူတာမှာအသုံးပြုတဲ့ memory တစ်မျိုးပါပဲ။ DDR ဆိုတာအတိုကောက်ခေါ်တာပါ။ သူ့ရဲ့ အရှည်ကောက်က Double Data Rate ပဲဖြစ်ပါတယ်။ DDR memory ရဲ့ အလုပ်လုပ်ပုံကိုပြောပြပါမယ်။ DDR memory ဟာ ကွန်ပျူတာရဲ့ System clock ကိုမြှင့်သည်ဖြစ်စေ၊ လျှော့ချသည်ဖြစ်စေ memory ၏ Speed ကို နှစ်ဆတိုးမြှင့်ပေးနိုင်သော memory ပင်ဖြစ်ပါတယ်။ ယနေ့ခေတ်တွင် DDR နည်းပညာကို အမြင့်ဆုံး Vider card များတွင်နှင့် DDR-SDRAM တို့လိုမျိုး ကွန်ပျူတာများတွင် အသုံးပြုတဲ့ memory များတွင်တွေ့နိုင်ပါတယ်။

DDR2

DDR2 မှာ Double Data Rate ၏အတိုကောက်ဖြစ်ပါတယ်။ DDR 2 မှာ DDR နောက်ပိုင်းမှ ပေါ်ပေါက်လာတဲ့ memory တစ်ခုဖြစ်တယ်။ တစ်နည်းအားဖြင့်ပြောရရင် DDR memory ရဲ့ နောက်ပိုင်း ဒုတိယ ပေါ်ပေါက်လာတဲ့ မျိုးဆက်တစ်ခုပဲဖြစ်ပါတယ်။ DDR နောက်ပိုင်း ထွန်းကားလာတဲ့ memory ပဲဖြစ်ပါတယ်။ DDR 2 ဟာ data transfer လုပ်တဲ့နေရာမှာ Speed 400 MHz နှင့်အထက်အလုပ်လုပ်နိုင်တဲ့ Memory ဖြစ်ပါတယ်။ နောက်ပြီး DDR 2 ရဲ့ Data ပို့လွှတ်တဲ့ Bandwidth လမ်းကြောင်းလည်း ပိုကျယ်ပြန့်ပါတယ်။ DDR 2 memory ဟာ တစ်ခြား memory များထက် power consumption သက်သာတဲ့အတွက်ကြောင့် အပူကိုလျှော့ချပေးနိုင်ပါတယ်။ ဒီ DDR2 နှင့် DDR memory တို့တွင် ကွာခြားချက်များရှိပါတယ်။ အဲ့ဒီထဲကမှတစ်ချက်ကတော့ DDR 2 memory module များကို DDR slot များတွင် စိုက်မယ်ဆိုရင် စိုက်၍မရနိုင်ပါ။ လုံးဝစိုက်လို့မရပါ။

Deallocation

Deallocation ဆိုတာ ကွန်ပျူတာ terms အခေါ်အဝေါ်တစ်ခုပဲဖြစ်ပါတယ်။ တစ်ခြား program များကိုအသုံးပြုနိုင်ဖို့အတွက် memory တွင် ရှိသော အချက်အလက်များကို ဖယ်ထုတ်ပစ်ခြင်းကို Deallocation လုပ်ခြင်းလို့ခေါ်တာပါ။

Device Address

Device Address ဆိုတာ ကွန်ပျူတာထဲက အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ Data များကို ဖတ်နိုင် ပို့ပေးနိုင်သော ကွန်ပျူတာ အစိတ်အပိုင်းတစ်ခု ကို Device Address ဟုခေါ်ခြင်းဖြစ်ပါတယ်။

Devicehigh

Devicehigh ကွန်ပျူတာ instruction အမိန့်တစ်ခုအဖြစ်အသုံးပြုတဲ့ ကွန်ပျူတာ terms တစ်ခုပဲဖြစ်ပါတယ်။ Program များ Driver များကို high memory သို့ဆွဲသွင်း၍ config.sys တွင်အသုံးပြုတဲ့ အမိန့်တစ်ခုဖြစ်ပါတယ်။

DIMM

DIMM မှ Dual-In-Line Memory Module ၏အတိုကောက်ဖြစ်ပါတယ်။ DIMM ဆိုသည်မှာ memory chip များပါဝင်တဲ့ circuit board တစ်မျိုးပင်ဖြစ်ပါတယ်။ DIMM memory မှာ 64-bit ရှိသော path လမ်းကြောင်းတစ်ခုရှိပါတယ်။ အဲ့ဒီ 64-bit path လမ်းကြောင်းကို ဘယ်နေရမှာအသုံးပြုသလဲဆိုတော့ pentium processor တွေရဲ့လိုအပ်ချက်တွေအရအသုံးပြုတာဖြစ်ပါတယ်။ ပြောရရင် အဲ့ဒီ DIMM memory ရဲ့ 64-bit path လမ်းကြောင်း ကို pentium processor တွေအတွက်အသုံးပြုတာဖြစ်ပါတယ်။ အဲ့သလိုမျိုး DIMM memory တွေမှာ 64-bit path လမ်းကြောင်းအသစ်ရှိတဲ့အတွက်ကြောင့် ဒီ DIMM memory တွေဟာ SIMMs memory ချောင်းတွေလိုမျိုး တစ်ချိန်တည်းမှာ နှစ်ခုစိုက်စရာမလိုပဲ တစ်ကြိမ်တည်းမှာ memory တစ်ချောင်းပဲစိုက်ပြီး အသုံးပြုနိုင်ပါတယ်။ DIMMs memory နောက်တစ်မျိုး ရှိပါတယ်။ အဲ့ဒါကတော့ SO-DIMM ပဲဖြစ်ပါတယ်။ ဒီ SO-DIMM ရဲ့ အရှည်က Small Outline DIMM ဖြစ်ပါတယ်။ ၄င်း SO-DIMM memory ချောင်းကိုတော့  Laptop ကွန်ပျူတာများတွင် အများဆုံး အသုံးပြုကြပါတယ်။ SO-DIMM memory ကို 72-pin အဖြစ်သော်လည်းကောင်း၊ 144-pin များအဖြစ်လည်းကောင်းအသုံးပြုနိုင်ပါတယ်။

Disk Cache

Disk Cache အကြောင်းပြောရမယ်ဆိုရင်တော့ Disk Cache ဆိုတာဟာလည်း ကွန်ပျူတာ memory တစ်ခုပါပဲ။  CPU နှင့် Disk တို့ကြားတွင် ကြာခံ buffer တစ်ခုအဖြစ်ဆောင်ရွက်ပေးသော ကွန်ပျူတာ memory ပင်ဖြစ်ပါတယ်။

DMA

DMA ဆိုတာ Direct Memory Address ရဲ့အတိုကောက်ခေါ်တာဖြစ်ပါတယ်။ Memory သို့တိုက်ရိုက် access လုပ်ခွင့်၊ အသုံးပြုခွင့်လို့ အဓိပ္ပယ်ရပါတယ်။ ဟိုးအရင်တုန်းကဆိုရင် memory တွေမှာ DMA မပါကြပါဘူး။ အခုနောက်ပိုင်းမှာတော့ Direct Memory Address ( DMA ) ကိုအသုံးပြုလာကြပါပြီ။ ဒီ DMA Memory ဖြစ်လာခြင်းကြောင့် Data transfer လုပ်ရာတွင်သော်လည်းကောင်း အချက်အလက်တွေကို တစ်နေရာမှ နောက်တစ်နေရာသို့ transfer လုပ်ရာတွင် CPU ကိုအသုံးပြုနေစရာမလိုပဲ memory သို့ တိုက်ရိုက် လှမ်းခေါ်ခွင့် သို့ အသုံးပြုခွင့်ရှိပါတယ်။ ဟိုးအရင် ကအသုံးပြုခဲ့ကြတဲ့ PIO mode ဆိုတာရှိပါတယ်။ အခုနောက်ပိုင်းဆိုလို့ရှိရင် memory တွေဟာ DMA memory တွေဖြစ်လာကြပါပြီ။ ဒီ DMA ကိုအသုံးပြုခြင်းဟာ PIO mode တွေကိုအသုံးပြုခြင်းထက် Data transfer လုပ်ရာမှာ ပို၍မြန်ဆန်ပါတယ်။ ဘာ့ကြောင့်အဲ့သလိုမျိုးမြန်ဆန်ရသလဲဆိုတော့ သူက Data transfer လုပ်မယ်ဆိုရင် CPU ကိုသွားပြီးတော့ ပြောနေစရာမလိုတော့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ Direct Memory Access ဖြစ်လို့ပဲဖြစ်ပါတယ်။

DMAC

DMAC ရဲ့ အရှည်က Direct Memory Access Control ပဲဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့တယ်လေ DMA ဆိုတာ Data transfer လုပ်ရာမှာ CPU ကိုအသုံးပြုစရာမလို ပစ္စည်းတစ်ခုနှင့်တစ်ခုကြားကနေ memory သို့ အချက်အလက်တွေကို တိုက်ရိုက်ပို့ပေးနိုင်တယ်လို့လေ။ အဲ့ဒီလိုမျိုးပို့ပေးတဲ့နေရာမှာ DMAC ဆိုသည်မှာ Data transfer ပို့ပေးမှုကိုထိန်းချူပ်ပေးနိုင်သော     IC တစ်ခုပဲဖြစ်တယ်။ ဆိုလိုတာက DMA က အချက်အလက်တွေပို့ပေးတဲ့ အခါမှာ DMAC ကထိန်းချုပ်ပြီးတော့ပို့ဆောင်ပေးတာဖြစ်ပါတယ်။

DOS protectde mode interface ကို တစ်နည်းအားဖြင့် DMPI ဟုလည်းအတိုကောက်အနေနဲ့ခေါ်ကြပါတယ်။ DOS protected mode interface ဆိုသည်မှာ memory module တစ်ခုဖြစ်ပြီး DOS program များကို protected mode တွင်အလုပ်လုပ်နိုင်စေတဲ့ memory module တစ်ခုဖြစ်ပါတယ်။ ဤကဲ့သို့ Memory protected mode တွင် အလုပ်လုပ်နိုင်စေခြင်းဖြင့် DOS program များမှာ တစ်ခုထက်မကသော လုပ်ငန်းများစွာကို လုပ်ဆောင်နိုင်ပြီး ကန့်သတ်ထားသော 640 KB ထက်ကျော်၍ process လုပ်နိုင်စေပါတယ်။

DRAM

DRAM မှာ Dynamic Random Access Memory ၏အတိုကောက်ဖြစ်တယ်။ DRAM ကို personal ကွန်ပျူတာများတွင်ရှိသော memory module တွင် အများးဆုံးအသုံးပြုသည်ကိုတွေ့ရပါတယ်။ DRAM တွင် ၄င်း၏ အချက်အလက်များ Data များကို capacitor များ၊ transistor များဖြင့် cell တွင်သိမ်းဆည်းထားခြင်းဖြစ်ပါတယ်။ အဲ့သလိုမျိုး DRAM ဟာသူ့ရဲ့ အချက်အလက်များကို cell များတွင်သိမ်းဆည်းထားခြင်းကြောင့် millisecond စက္ကန့်အနည်းငယ်ကြာတိုင်း ၄င်း cell များကို ပြန်ပြန်ပြီးတော့ refresh လုပ်ပေးနေရပါတယ်။ ဒီလို Refresh လုပ်ပေးမှသာလျင် data အချက်အလက်များကို အချိန်ကြာကြာ သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။ ၄င်း DRAM memory အမျိုးအစားကိုအသုံးပြုခြင်းပြုနေချိန်မှာ Data အချက်အလက်တွေကို save မလုပ်လိုက်ရပဲ ကွန်ပျူတာ Power ပိတ်သွားမယ်ဆိုလို့ရှိရင် အဲ့ဒီ memory ထဲတွင် ရှိနေသော အချက်အလက်များမှာ ပျောက်ပျက်သွားမှာဖြစ်ပါတယ်။

 
 
  Today, there have been 19 visitors (20 hits) on this page!  
 
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free