User Account အသစ်တစ်ခုဖန်တီးခြင်း
ပုံမှန်အားဖြင့်တော့ ကွန်ပျူတာ တစ်လုံးတွင် Windows တင်လိုက်ပြီဆိုတာနဲ့ သူ့မှာ နဂိုတည်းက Default ပါလာပြီးသားဖြစ်တဲ့ User Account နှစ်ခု ရှိပါတယ်။ အဲ့ဒါက Administrator User Account နှင့် Guest User Account ပဲ ဖြစ်ပါတယ်။ အဲ့ဒီ User Account နှစ်ခုမှာ Windows တင်ကတည်းကိုက Default ပါလာပြီးသားဖြစ်တဲ့ Account တွေ ဖြစ်တာဆိုတော့ သူတို့ကို ဖျက်မယ်ဆိုရင် ဖျက်လို့ မရပါဘူး။ Password ပေးရင်တော့ ပေးလို့ရပါတယ်။ ပေးထားတဲ့ Password ကို ဖျက်မယ်ဆိုရင်တော့ ပြန်ဖျက်ပစ်လို့ ရပါတယ်။ အဲ့ဒီ Windows မှာ ပါလာတဲ့ Default User Account အတိုင်းပဲ သုံးမယ်ဆိုရင်လည်း ရပါတယ်။ လုံးခြုံမှု ရှိဖို့အတွက် Password ပေးပြီးတော့ ကာထားလို့ရပါတယ်။
အခုက User Account အသစ် တစ်ခုဖန်တီးခြင်းကို ပြောမှာဆိုတော့ အခုဖန်တီးပြမှာပါ။ ဒါပေမယ့် အဲ့လို ဘာလို့ User Account အသစ်ဖန်တီးရမှာလဲဆိုတော့ ပြောပြမယ်။ တကယ်လို့ မိမိရဲ့အိမ်မှာ ကွန်ပျူတာ တစ်လုံးရှိတယ်။ အဲ့ဒီကွန်ပျူတာကိုပဲ အသုံးပြုမယ့် သူက ဥပမာ ၃ ယောက် ရှိတယ် ဆိုပါစို့။ မိမိကလည်း အသုံးပြုမယ်။ အဖေရယ်၊ မောင်လေးရယ်ကလည်း အသုံးပြုမယ်။ ဒါပေမယ့် ခက်တာက တစ်ယောက်နဲ့တစ်ယောက်က အကြိုက်ချင်းက မတူကြဘူးလေ။ ပြောချင်တာက ဒီကွန်ပျူတာကို ဖွင့်လိုက်တာနဲ့ မိမိအသုံးပြုတဲ့ Windows မှာ ပေါ်စေချင်တဲ့ ပုံစံကတစ်မျိုး၊ အဖေမြင်ချင်တဲ့ ပုံစံကတစ်မျိုး၊ နောက် မောင်လေးကြည့်ချင်တဲ့ပုံစံက တစ်မျိုး ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အဲ့သလိုမျိုး အသုံးပြုတဲ့ Windows မှာ ပေါ်နေမယ့် Desktop ပုံစံ၊ အရောင်၊ Desktop ပေါ်မှာ တင်ထားမယ့် ရုပ်ပုံကအစ အကြိုက်ချင်း မတူကြဘူးဆိုလို့ရှိရင် မိမိကြိုက်နှစ်သက်ရာ ပုံစံဖြစ်ဖို့ရာအတွက် ဘာလုပ်နိုင်လဲဆိုတော့ အခုပြောမယ့် User Account ဖွဲ့ပြီးတော့ လုပ်လို့ရပါတယ်။ တစ်ယောက်စီအတွက် User Account တစ်ခုစီဖွဲ့ပြီးတော့ မိမိကြိုက်နှစ်သက်တဲ့ မင်းသမီးပုံတွေ တင်ထားမယ်။ နောက် မြင်လိုက်ရင် စိတ်ကြည်းနူးစရာကောင်းတဲ့ တောအုပ်ပုံလေးတွေ တင်ထားမယ်။ ဒီလိုမျိုးပေါ့။
အဲ့ဒါဆိုရင် မိမိဖွဲ့လိုက်တဲ့ User Account နှင့် အဖေဖြစ်သူကပေးထားသော User Account ရယ်၊ နောက် မောင်လေးဖြစ်သူက ပေးထားတဲ့ User Account ရယ်က တူချင်မှတူမှာလေ။ တစ်ယောက်အကြိုက်နှင့် တစ်ယောက်အကြိုက်က တူမှမတူကြပဲကိုး။ ဒီတော့ ကိုယ်စီ အကြိုက်တစ်ခုစီနှင့် User Account သုံးခုစီ ဖွဲ့ထားကြမယ်ဆိုရင် မိမိ User Account ကို ဖွင့်လိုက်ရင် ပုံစံတစ်မျိုး၊ နောက် အဖေဖြစ်သူက ဖွဲ့ထားသော User Account နဲ့ ဖွင့်ဝင်လိုက်ရင် ပုံစံကတစ်မျိုး၊ နောက် မောင်လေးဖြစ်သူက ဖွဲ့ထားသော User Account နဲ့ ဖွင့်ဝင်လိုက်ရင် မြင်ကွင်းက တစ်မျိုး ဖြစ်နေပါလိမ့်မယ်။ ကိုယ့်စိတ်ကြိုက်ပေါ့။ အဲ့သလိုမျိုး ဖြစ်ဖို့အတွက် ဒီ User Account ဆိုတာကို ဖွဲ့ပေးရမယ်။ ဒါဆိုရင် သုံးယောက်စလုံးအတွက် တစ်ယောက်စီကို Windows တစ်ခုစီ အသုံးပြုနေရသလိုမျိုး၊ Desktop ပုံစံကအစ၊ အရောင်ကအစပေါ့ အကုန်လုံး အသုံးပြုမယ့် တစ်ယောက်ချင်းစီကို ကိုယ့်စိတ်ကြိုက်တစ်ခုစီ လုပ်လို့ရပါတယ်။ ဒါတင်မကသေးဘူး။ မိမိရဲ့ ကိုယ်ပိုင် Data အချက်အလက်တွေကို (My Document ပေါ့) ကိုယ်ပိုင် User Account တစ်ခုစီနှင့် သီးသန့်ထားပြီးတော့ သူများယူမဖတ်အောင် ဒါမမဟုတ် မိမိရဲ့ အရေးကြီးသော Data အချက်အလက်တွေကို တစ်ခြားတစ်စုံတစ်ယောက်က ကူးယူသွားတာမျိုး၊ File တွေကို ပြင်သွားတာမျိုး၊ ဖျက်သွားတာမျိုး မကြုံရလေအောင်လည်း လုပ်လို့ရပါတယ်။ နားလည်အောင်ပြောပြမယ်။
User Account ဖွဲ့တယ်ဆိုတာက အမှန်တကယ်တော့ ကွန်ပျူတာ Security ပိုင်းနှင့် ပတ်သက်တာလဲ ဖြစ်တယ်။ မိမိအသုံးပြုနေသော ကွန်ပျူတာမှာ အပေါ်မှာပြောခဲ့သလိုမျိုး Desktop ပုံစံတွေ ပြောင်းရုံသာမက မိမိရဲ့ အရေးကြီးတဲ့ File တွေ၊ Folder တွေကို တခြားတစ်စုံတစ်ယောက်က ဖွင့်ဖတ်သွားတာမျိုး၊ ဒါမမဟုတ် မိမိရဲ့အရေးကြီးသော Data တွေ၊ အချက်အလက်တွေကို ကူးယူသွားတာမျိုးတွေ စသဖြင့် မကြုံရလေအောင် ဆိုပြီးတော့ မိမိ အသုံးပြုနေသော ကွန်ပျူတာမှာ User Account ဖွဲ့ပြီးတော့ ၄င်း User Account ကိုပဲ Password ပေးပြီးတော့ ကာထားလို့ရပါတယ်။ ဒီလိုမျိုး ကိုယ့်ရဲ့ ကွန်ပျူတာကို ကိုယ့်ရဲ့ ကိုယ်ပိုင် User Account တစ်ခုစီ ဖွဲ့ပြီးတော့ Password ပေးထားလိုက်မယ်ဆိုရင် မိမိရဲ့ စက်ထဲက Data တွေ၊ အချက်အလက်တွေ အတွက် လုံခြုံမှုရှိတာပေါ့။ ဘာဖြစ်လို့ အဲ့လိုမျိုးပြောတာလဲဆိုတော့ ကွန်ပျူတာမှာ User Account တစ်ခု ဖွဲ့လိုက်ပြီးတော့ အဲ့ဒီ User Account ကို Password ပေးလိုက်ပြီဆိုတာနဲ့ တစ်ခြားတစ်ယောက်ယောက်က အဲ့ဒီ User Account ကို ၀င်သုံးလို့ မရတော့ပါဘူး။ မိမိပေးထားသော Password ကို မသိတဲ့အတွက် User Account ကို Click ထောက်လိုက်ပြီဆိုတာနဲ့ Password တောင်းတော့မယ်လေ။ (Password ပေးမထားလျင်တော့မတောင်းပါ။) အဲ့ဒီတော့ Password မသိရင် ဘယ်လိုမှ ၀င်လို့မရတော့ဘူး။ ဒါကြောင့်လည်း User Account ဖွဲ့ထားခြင်းဟာ ကွန်ပျူတာထဲမှာရှိသော အချက်အလက်တွေကို လုံခြုံမှုပေးနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ကိုတိုင်တော့ ပေးထားသော Password ကို မှတ်မိနေရမှာပါ။ တကယ်လို့ မေ့သွားမယ်ဆိုရင် ကိုယ်ကိုတိုင်လည်း ၀င်လို့မရဘူး ဖြစ်သွားတတ်တာကိုလည်း သတိထားရမှာ ဖြစ်တယ်။ ဒါကြောင့် Password ပေးလိုက်ပြီဆိုတာနဲ့ မှတ်ထားဖို့တော့ လိုပါတယ်။
User Account ဖွဲ့ပြီးတော့ Password မပေးရင်လည်း ရပါတယ်။ ဒါဆိုရင်တော့ လုံခြုံမှုတော့ မရှိဘူးပေါ့။ အခု အပေါ်မှာ ပြောခဲ့တဲ့ User Account ဖွဲ့ရတဲ့ ရည်ရွယ်ရင်းကို သိပြီဆိုတော့ အခုက User Account အသစ်ဖွဲ့မှာဆိုတော့ Windows XP ကို အခြေခံပြီး ပြောမှာဖြစ်တယ်။ Windows Vista နှင့်လည်း သိပ်မကွာပါဘူး။ အတူတူလောက်ပါပဲ။ ကဲ အခု ကွန်ပျူတာတစ်လုံးမှာ User Account အသစ် တစ်ခုဖွဲ့ကြည့်ရအောင်။ တစ်ဆင့်ချင်းစီကို Step By Step ပြောသွားမှာ ဖြစ်တယ်။ Control Panel ထဲကနေသွားပြီးတော့ User Account ထဲကနေ သွားဖွဲ့ရမှာ ဖြစ်တယ်။ ဒီတော့ ဖွဲ့ကြည့်ကြမယ်။
၁။ စပြီးတော့ Start Menu ထဲကိုဝင်ပါ။ Control Panel ကို Click တစ်ချက်နှိပ်ပါ။ ဒါဆိုရင် ပုံ (၁) ကဲ့သို့ Control Panel Box လေးပေါ်လာပါလိမ့်မယ်။
ပုံ (၁)
၂။ အဲ့ဒီမှာ User Account ကိုရွေးပြီးတော့ Double Click နှိပ်လိုက်ပါ။ User Account Wizard Box လေးကျလာလိမ့်မယ်။ အဲ့ဒီ Box လေးကို ကြည့်လိုက်ပါ။ Change an account, Create a New Account နှင့် Change the way User log on or off ဆိုပြီးတော့ တွေ့လိမ့်နော်။ အဲ့ဒီထဲကမှ ကိုယ်က User Account အသစ်ဖွဲ့မှာဆိုတော့ Create a New Account ကို ရွေးပြီးတော့ Click တစ်ချက်နှိပ်လိုက်ပါ။
၃။ Name the New Account Page လေး ပေါ်လာမယ်။ အောက်ပါပုံ (၂) ကိုကြည့်ပါ။ အဲ့ဒီမှာ Type the Name for a New Account ဆိုတဲ့ နေရာမှာ မိမိပေးချင်သော User Account နာမည်ကို ပေးရမှာ ဖြစ်တယ်။ ဥပမာ- Mg Mg လို့ ရိုက်ထည့်လိုက်ပါ။
ပုံ (၂)
၎။ ပြီးရင် Next လို့ ပြောပါ။ ဒါဆို Pick an Account Type Page လေး ပေါ်လာမှာပါ။ Computer Administrator ကိုရွေးပေးပါ။ နောက်ပြီးတော့ Create Account လို့ပြောပါ။ ဒါဆို User Account ဖွဲ့ပြီးသွားတဲ့ Page ပေါ်လာတာ တွေ့ရမှာပါ။ အဲ့ဒီ အဆင့်မှာတင် User Account ဖွဲ့တာပြီးသွားပါပြီ။ နောက်ထပ် အသစ်တစ်ခုထပ်ပြီးတော့ ဖွဲ့ချင်တယ်ဆိုရင်လည်း အဲ့ဒီ Page မှာပဲ ထပ်ဖွဲ့လို့ရပါတယ်။ ဒါဆို User Account ဖွဲ့တာ ဖွဲ့တတ်သွားမယ်နော်။ ဘာမှ မခက်ပါဘူး။
အဲ့သလိုမျိုး User Account ဖွဲ့ပြီးသွားပြီဆိုတော့ မိမိ လိုချင်တဲ့ Desktop ပုံစံတွေ၊ အရောင်တွေ၊ Picture တွေကို စိတ်ကြိုက် ပြောင်းကြည့်လိုက်ပါ။ နောက်ပြီး နောက်တစ်ခု ထပ်ဖွဲ့ကြည့်လိုက်ပါ။ ဒီပထမ ဖွဲ့ထားတဲ့ User Account တစ်ခုမှာ ပုံစံတစ်မျိုး ပေးထားပြီးရင် နောက် User Account တစ်ခု ဖွဲ့ပြီးတော့ ကွန်ပျူတာကို Log Off ချပြီး ပြန်ဝင်တဲ့အခါ နောက်ထပ် ဖွဲ့လိုက်တဲ့ User Account နှင့်ပဲ ပြန်ဝင်ပြီးတော့ Desktop ပုံစံရော၊ Screen Saver ရော၊ အရောင်တွေရော ပြောင်းပေးလိုက်ပါ။ အဲ့ဒီ ပြောင်းထားတဲ့ ပုံစံတွေဟာ သူ့ User Account နှင့် သူရှိနေမှာပါ။ ပထမ User Account တစ်ခုနှင့်ဝင်ရင် ပထမ User Account တုန်းက ပေးထားတဲ့ ပုံစံတွေ ဖြစ်နေပြီးတော့ ဒုတိယ User Account တစ်ခုနှင့် ပြန်ဝင်ရင် ဒုတိယ User Account မှာ ပေးထားတဲ့ ပုံစံနှင့်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ User Account တွေ အများကြီး ဖွဲ့ပြီးတော့ ပုံစံတွေလဲ တစ်ခုစီ သတ်မှတ်ပေးလို့ ရပါတယ်။
၅။ ကဲ အခု ဖွဲ့ပြီးသွားတဲ့ User Account ကိုပဲ Password ပေးကြည့်ရအောင်။ Password ပေးမယ့် User Account ခုနက ဖွဲ့လိုက်တဲ့ Account ပေါ်မှာ Double Click နှိပ်လိုက်ပါ။ အဲ့ဒီ Page မှာ Change the Name, Create a Password, Change the Picture, Change the Account Type ဆိုပြီးတော့ တွေ့ပါမယ်။
• Change the Name က အခုနက ပေးထာတဲ့ User Account Name ကို ပြောင်းပေးလို့ရတာ ဖြစ်တယ်။ ပေးထားတဲ့ နာမည်ကို မကြိုက်လို့ ပြောင်းချင်တယ်ဆိုရင် ပြောင်းလို့ရပါတယ်။
• Create a Password ကတော့ ဖွဲ့လိုက်တဲ့ User Account ကို Password ပေးတာ ဖြစ်တယ်။
• Change the Picture ကတော့ မိမိဖွဲ့ထားတဲ့ User Account မှာ ပေးထားတဲ့ ရုပ်ပုံ Picture ကို ပြောင်းပေးလို့ ရပါတယ်။
• Change the Account Type ကတော့ မိမိ ဖွဲ့လိုက်တဲ့ Account Type ကို ပြောင်းပေးလို့ ရပါတယ်။ Computer Administrator ထားမလား ဒါမမဟုတ် Limited ကို ပြောင်မလားဆိုတာကို ပြောင်းပေးလို့ရတယ်။
အခု ဒီမှာ ပြောပြမှာက User Account အသစ် ဖွဲ့ထားတာကို Password ပေးမှာဆိုတော့ အပေါ်က အချက်တွေကို မပြောတော့ပါဘူး။ Password ပေးတဲ့ ပုံကိုပဲ ပြောတော့မှာ ဖြစ်တယ်။
၆။ ဒီတော့ Password ပေးမယ်။ အခုနက ဖွဲ့ထားတဲ့ Mg Mg ဆိုတဲ့ User Account ကို Double Click နှိပ်လိုက်ပြီနော်။ Create a Password လို့ ပြောပါ။
၇။ Create a Password for a Mg Mg's Account ဆိုပြီးတော့ Page တစ်ခု ပေါ်လာမယ်။ အဲ့ဒီမှာ Type a new password၊ Type the new password again to confirm၊ Type a word or phrase to use as a password hint ဆိုပြီးတော့ တွေ့တယ်နော်။ ပုံ (၃) အတိုင်း တွေ့ရမှာပါ။
ပုံ (၃)
• Type a new password က ကိုယ်အခုပေးမယ့် Password ရိုက်ထည့်ရမယ့် နေရာ ဖြစ်တယ်။
• Type the new password again to confirm ဆိုတာက အခုနက Type a new password မှာ ရိုက်ထည့်လိုက်တဲ့ Password ကိုပဲ ပြန်ရိုက်ထည့်ရမှာ ဖြစ်တယ်။ Confirm ဖြစ်၊မဖြစ်ကို ပြောပေးရတဲ့ သဘောဖြစ်တယ်။
• Type a word or phrase to use as a password hint ကတော့ မိမိပေးထားသော Password ကို မေ့သွားမှာ စိုးလို့ hint အရိပ်အမြွက် ပေးထားလို့ ရပါတယ်။ အဲ့ဒီ Type a word or phrase to use as a password hint Box လေးမှာ မိမိပေးထားတဲ့ Password ထဲက တစ်လုံးနှစ်လုံးလောက်ကို ရိုက်ထည့်ပေးလိုက်မယ်ဆိုရင် တကယ်လို့ မိမိက Password ကို မေ့သွားတယ်ဆိုရင်တောင်မှ အဲ့ဒီ Box လေးမှာ ပြန်ကြည့်လို့ရတာပေါ့။ ဒါပေမယ့် ကိုယ်ပေးတဲ့ Password ကို သေချာ မှတ်ထားနိုင်ရင်တော့ အဲ့ဒီ Type a word or phrase to use as a password hint မှာ ဘာမှ မဖြည့်ဘဲနှင့် ထားခဲ့ရင်လည်း ရပါတယ်။ အပေါ်က Box နှစ်ခုကိုပဲ Password ပေးလိုက်ရင် ရပါပြီ။
၈။ ကဲ Password ကို Box နှစ်ခုစလုံးမှာ ရိုက်ထည့် ပေးပြီးပြီဆိုရင်တော့ Create a Password ကို Click နှိပ်ပေးလိုက်ပါ။ ဒါဆို Password Protected ဆိုပြီးတော့ Password ပေးပြီးတဲ့ User Account လေး ပေါ်နေပါလိမ့်မယ်။
User Account ဖွဲ့တာရော၊ ဖွဲ့လိုက်တဲ့ User Account ကို Password ပေးတာရောအပြင် ဘာကြောင့် User Account ဖွဲ့ပြီး Password ပေးရတာလဲ ဆိုတာကိုပါ သိပြီးသွားပြီဆိုတော့ User Account ရော၊ Password ပေးတာရော ကောင်းကောင်း လုပ်တတ်သွားပြီပေါ့။ အဲ့တော့ မိမိစက်မှာ User Account နှင့် Password ပေးဖို့ လိုတယ်ဆိုရင် ဒီနည်းအတိုင်းပဲ ပေးလိုက်ရင် ရပါပြီ။ ရပြီဆိုရင် User Account ဖွဲ့ခြင်းကို ဒီမှာပဲ အပြီးသတ်ပေးလိုက်ပါတော့မယ်။