CPU
CPU ကို Processor သို့မဟုတ် Microprocessor ဟုလည်း ခေါ်ကြပါတယ်။ CPU ဆိုတာ အတိုကောက် အလွယ်ခေါ်ကြတာပါ။ သူ့ရဲ့အပြည့်အစုံက Central Processing Unit ဖြစ်ပါတယ်။ ကွန်ပျူတာတွေမှာ အသုံးပြုကြတဲ့ CPU ကို Intel က ၁၉၇၄ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကွန်ပျူတာတစ်လုံးတွင် CPU သည် ဘယ်နေရာကနေ ပါဝင်ဆောင်ရွက်ရသလဲဆိုတော့ ကွန်ပျူတာတစ်လုံးတွင် အသုံးပြုနေကြတဲ့ Software များ၊ Program များနှင့် တစ်ခြား Hardware အစိတ်အပိုင်းများမှ ပို့လွှတ်ပေးလိုက်သော အမိန့် Instruction များနှင့် ပတ်သက်တဲ့ တွက်ချက်ပေးခြင်း မှန်သမျှတို့ကို CPU က တာဝန်ယူ ဆောင်ရွက်ပေးရပါတယ်။ ဒါဟာ ကွန်ပျူတာတစ်လုံးမှာ တာဝန်ယူရတဲ့ CPU ရဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်တွင် CPU ထုတ်လုပ်သူ အများအပြားရှိသော်လည်းပ
ဲ အဲ့ဒီထဲကမှ ကွန်ပျူတာဈေးကွက်တွင် Intel နှင့် AMD တို့မှာ နာမည်အကြီးဆုံး CPU ထုတ်လုပ်တဲ့ ကုမ္ပဏီများပင် ဖြစ်ပါတယ်။
80386
80386 ဆိုတာလည်း ကွန်ပျူတာ Processor တစ်ခုပင် ဖြစ်ပါတယ်။ Intel က ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ 80386 Processor ဆိုတာ 286 Processor ကို အဆင့်မြှင့်ပြီး ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ ၄င်း 80386 Processor ကို တနည်းအားဖြင့် 386 သို့မဟုတ် i386 ဟုလည်း ခေါ်ကြပါတယ်။ ၁၉၈၅ ခုနှစ် အစောပိုင်းတွင် Intel Corporation က ထုတ်လုပ်ခဲ့တဲ့ 80386 DX ကို 386 DX ဟု ခေါ်ပါတယ်။ ၄င်း 386 ဟာ Process လုပ်တဲ့နေရာမှာ 32-bit နည်းပညာကို အသုံးပြုတာ ဖြစ်ပါတယ်။ အဲ့သလိုမျိုး 32-bit နည်းပညာကို အသုံးပြုပြီး အလုပ်လုပ်တဲ့အခါ တချိန်တည်း တပြိုင်တည်း၌ အလုပ်ပေါင်းများစွာကို လုပ်ဆောင်နိုင်တဲ့ Processor တစ်ခုပင် ဖြစ်ပါတယ်။ 386 CPU ရဲ့ Data Transfer လုပ်တဲ့ Clock Speed မှာ 16 MHz, 20 MHz, 25 MHz နှင့် 33 MHz Speed နှင့် အလုပ်လုပ်တဲ့ Processor တစ်ခုပင် ဖြစ်ပါတယ်။
4004
4004 ကို ၁၉၇၁ ခုနှစ်တွင် Intel က ထုတ်လုပ်ခဲ့တာ ဖြစ်တယ်။ ဒီ 4004 Processor မှာ 4-bit Registor ရှိပြီး သူ့ရဲ့ အလုပ်လုပ်နိုင်တဲ့ Clock Speed ကတော့ 1 MHz ပဲရှိပါတယ်။
80486
80486 Processor ပေါ်ပေါက်လာရခြင်းမှာ 386 Processor ကို အဆင့်မြှင့်တဲ့အနေနဲ့ Intel က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် 486 သို့မဟုတ် i486 ဟု ခေါ်ကြပါတယ်။ 80486 မှာ 32-bit နည်းပညာကို အသုံးပြုပြီးတော့ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ Memory Cache မှာ 8K ရှိပြီးတော့ Clock Rate ကို 20 MHz မှ 33 MHz Speed ထိ အသုံးပြုနိုင်ပါတယ်။ 486 ကို အမျိုးအစားနှစ်မျိုးဖြင့် ထုတ်လုပ်ထားပါတယ်။ 486 DX နှင့် 486 SX ဆိုပြီးတော့ နှစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်မျိုးမှာ ကွဲပြားမှုတော့ ရှိပါတယ်။ ဘာလဲဆိုတော့ကား DX မှာ Coprocessor တစ်ခုဖြစ်သော်လည်းပဲ SX မှာတော့ Coprocessor တစ်ခုတော့ မဟုတ်ပါ။ ဒါ့ပြင် နောက်ထပ် 486 SX အပြင် 486 SX2 ဟူ၍လည်း ထပ်မံ ထုတ်လုပ်ခဲ့ပြန်ပါတယ်။ ဘာလို့ အဲ့သလိုမျိုး 486 SX 2 လို့ခေါ်တာလဲဆိုတော့ သူက 486 SX ထက်ပိုပြီးတော့ အလုပ်လုပ်တဲ့ Speed နှစ်ဆ ပိုမြန်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ နောက်ထပ်တစ်ခါ ၁၉၉၀ ခုနှစ်တွင် 486 တစ်မျိုးကို ထပ်မံ ထုတ်လုပ်လိုက်ပြန်ပါတယ်။ 486 SL ပဲ ဖြစ်ပါတယ်။ ၄င်း 486 SL မှာ 486 ထက် Power Consumption သက်သာပြီးတော့ Laptop ကွန်ပျူတာများတွင် အဓိကထား အသုံးပြုခဲ့ကြပါတယ်။ အဲ့ဒီလိုနဲ့ ထွန်းကားလာတာ ၁၉၉၄ ခုနှစ်မှာ 486 DX2 စတင် ထွန်းကားလာပြီးတော့ ၄င်းရဲ့ Clock Speed မှာတော့ 486 ထက် နှစ်ဆပိုပါတယ်။ နောက်တစ်ခါ 486 DX 4 ကို ၁၉၉၄ ခုနှစ်တွင် စတင် ထုတ်လုပ်လိုက်ပြန်ပါတယ်။ သူ့ရဲ့ Clock Speed မှာ 486 ထက် သုံးဆပိုများပြီးတော့ Cache ကတော့ နှစ်ဆ ပိုများပါတယ်။ 486 မှာ ပါဝင်တဲ့ Cache မှာ 8K ရှိပြီးတော့ 486 DX 4 မှာတော့ 16K ထိရှိပါတယ်။
3D Now
3D Now ကို ၁၉၉၈ ခုနှစ်တွင် AMD မှ စတင်ထုတ်လုပ်ခဲ့သော နည်းပညာတစ်ခု ဖြစ်ပါတယ်။ AMD K6-2 ကို အသုံးပြုထားသော နည်းပညာတစ်ခု ဖြစ်ပါတယ်။ ဒီ 3D Now မှာ 3D Graphic များနှင့် Multimedia Process များတွင် ပို၍အဓိကထား ဆောင်ရွက်ပေးနိုင်သော နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။
Pentium
Pentium ၏ Codename မှာ P5 ဖြစ်တယ်။ ၁၉၉၃ ခုနှစ်တွင် Intel မှ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Pentium ကို Intel က ထုတ်လုပ်လို်က်ခြင်းမှာ 80486 Processor အစား အစားထိုးအသုံးပြုရန် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ 80x86 Line ရဲ့ ပဉ္စမမြောက်နေရာမှာ ရှိနေတဲ့အတွက်ကြောင့် Pentium ဟု ခေါ်တာ ဖြစ်ပါတယ်။ Intel က ထုတ်လုပ်ခဲ့တဲ့ အစောပိုင်း Processor Chip များထက် ဒီ Pentium Processor က ပို၍ မြန်ဆန်ပါတယ်။ နောက်ပြီး ပိုပြီးတော့လည်း Powerful ဖြစ်ပါတယ်။ အဲ့ဒီ Pentium Processor တွင် Transistor အားဖြင့် လည်း ၃ ဒဿမ ၁ သန်းခန့် ရှိပါတယ်။ ဥပမာ အနေနဲ့ ဟိုအရင် Processor များနှင့်  နှိုင်းယှဉ်ကြည့်မယ်ဆိုလို့ရှိရင် 80486 မှာ Transistor ပေါင်း ၁ ဒဿမ ၂ သန်းခန့်သာ ပါရှိပါတယ်။ နောက်ပြီးတော့ 80386 မှာ ကျတော့လည်း Transistor ပေါင်း 275,000 သာ ပါဝင်ပါတယ်။ ဒါဟာဆိုရင် Pentium Processor နှင့် အရင်က Processor များရဲ့ ကွာခြားတဲ့ အချက်ကလေးတွေပဲ ဖြစ်ပါတယ်။ နောက်တစ်ခါ Pentium Processor ရဲ့ Access Bus နှင့် Data Bus ကို ကြည့်ရအောင်။ တနည်းပြောရရင် Pentium Processor ရဲ့ Bandwidth ကို ပြောတာပါ။ Pentium Processor ရဲ့ Access Bus မှာ 32-bit ရှိပြီး Data Bus အားဖြင့်တော့ 64-bit ရှိပါတယ်။ Clock Speed ကတော့ 60 MHz နှင့် 200 MHz ဖြင့် အလုပ်လုပ်တာ ဖြစ်ပါတယ်။ Pentium Processor ကို စပြီး ထုတ်လုပ်လိုက်ပြီးကတည်းက Intel က ထုတ်လုပ်လိုက်သော Processor မှန်သမျှကို Pentium ဟု ခေါ်ကြပြီးတော့ အဲ့ဒီ Pentium processor နောက်ပိုင်းမှ ထုတ်လုပ်လာသော Processor များကိုတော့ Intel Pentium II သို့မဟုတ် Intel Pentium III စသည်ဖြင့် ခေါ်လာကြပါတယ်။
88000
88000 Processor ကို Motorola ကုမ္ပဏီ မှ ၁၉၈၈ ခုနှစ်တွင် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ 88000 Processor မှာ 32-bit ရှိပြီးတော့ RISC Processor series တစ်မျိုးပင် ဖြစ်ပါတယ်။ 88000 Series Apple Power PC ကွန်ပျူတာများတွင် အများဆုံး အသုံးပြုခဲ့ကြပါတယ်။
DSP
DSP မှာ Digital Signal Processor ရဲ့ အတိုကောက် ဖြစ်ပါတယ်။ DSP Processor မှာ အလွန်ရှုပ်ထွေးသော သင်္ချာဆိုင်ရာ တွက်ချက်ခြင်းများကိုသော်လည်းကောင်း Digital Signal များကိုသော်လည်းကောင်း Performance ကောင်းကောင်းဖြင့် ဆောင်ရွက်ပေးနိုင်သော Processor တစ်ခုပါပဲ။ DSP မှာ တစ်ခုနှင့်တစ်ခု မတူတာလေးတွေလည်း ရှိပါတယ်။ ဘယ်လိုမျိုးလည်းဆိုတော့ Chipset အတွင်းတွင်ရှိသော ရိုးရိုး DSP တွင် ROM ပါရှိပြီးတော့ ၄င်း ROM မှာ ရေးထားသော Program ကိုတော့ Reprogram ပြန်လုပ်လို့ မရတော့ပါဘူး။ ဆိုလိုသည်မှာ ၄င်း DSP Chipset ထဲတွင် ပါလာသော ROM မှာ ရေးပြီးရင် ပြန်ဖျက်လို့မရတော့တဲ့ RO M တစ်မျိုး ဖြစ်ပါတယ်။ သီးခြားဖြစ်သော DSP ကတော့ ပြန်၍ Reprogram ပြန်လုပ်လို့၊ ရေးပြီးရင် ပြန်ဖျက်လို့ ရကောင်းရနိုင်ပါလိမ့်မယ်။
Dual Core
Dual Core ဆိုသည်မှာ Chip တစ်ခုတည်းပေါ်တွင် တစ်ချိန်တည်း တစ်ပြိုင်တည်း အလုပ်လုပ်နိုင်သော သီးသန့်စီ ခွဲခြားထားသော Unit နှစ်ခုပါဝင်သော နည်းပညာတစ်ခုပင် ဖြစ်ပါတယ်။ ဒါကြောင့် ၄င်းက Chip တစ်ခုတည်းပေါ်တွင် Power နှစ်ဆ ပေးနိုင်ပါတယ်။
Dual Processor
Dual Processor ဆိုတာကလည်း ကွန်ပျူတာ Processor တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ၄င်း Dual Processor မှာ သီးသန့်စီ ခွဲခြားထားသော ကွန်ပျူတာ Processor နှစ်ခုပင် ဖြစ်ပါတယ်။ အဲ့သလိုမျိုး Processor နှစ်ခုပါဝင်တဲ့အတွက်ကြောင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်းမှာပဲ အလုပ်နှစ်ခုကို ပူးတွဲလုပ်ဆောင်နိုင်သော Processor ပင် ဖြစ်ပါတယ်။ Dual Processor ကို များသောအားဖြင့် အရေးကြီးသော လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရတဲ့အခါများ၌ ပို၍ အသုံးများကြပါတယ်။ အဲ့သလိုမျိုး လုပ်ငန်းတွေမှာ အသုံးပြုတဲ့အခါကျရင် ဒီ Processor ဟာ ကွန်ပျူတာရဲ့ Performance လုပ်ဆောင်ချက်ကို အဆင့်မြင့်မြင့်နှင့် ပို၍ မြန်ဆန်သွက်လက်စေပါတယ်။ ဒါပေမယ့် အဲ့သလိုမျိုး Dual Processor ကို အသုံးပြုနိုင်ဖို့အတွက်ဆိုရင် အဲ့ဒီ အသုံးပြုမယ့် ကွန်ပျူတာ Operating System များနှင့် Software Program များကို ဒီ Dual Processor ဟာ Support လုပ်နိုင်၊မလုပ်နိုင်ကို သိဖို့လိုပါတယ်။ ဟိုးအရင်က အသုံးပြုခဲ့ကြသော ကွန်ပျူတာများတွင်တော့ Dual Processor က Support မလုပ်နိုင်တဲ့ Windows တွေလည်း ရှိခဲ့ပါတယ်။ Microsoft ကထုတ်တဲ့ Windows 98 တို့လို Operating System အဟောင်းများတွင် ဒီ Dual Processor က Support မလုပ်နိုင်ပါဘူး။ ဒါပေမယ့် အခုနောက်ပိုင်း Operating System များ ဖြစ်ကြတဲ့ Microsoft Windows XP တို့လို Windows တွေမှာတော့ ဒီ Dual Processor က Support လုပ်နိုင်ပါတယ်။
EIST
EIST ဆိုတာ Intel က ထုတ်လုပ်တဲ့ နည်းပညာတစ်ခုပင် ဖြစ်ပါတယ်။ သူ့ရဲ့ စာလုံးပေါင်းအရှည်က Enhanced Intel Speed Step Technology ဖြစ်ပါတယ်။ EIST ရဲ့ Function က Processor ရဲ့ Power ကို လျှော့ချပေးနိုင်ပါတယ်။ အများအားဖြင့် Laptop ကွန်ပျူတာများတွင် ပို၍ အသုံးပြုကြပါတယ်။ Laptop ကွန်ပျူတာများက Battery Power ကို အသုံးပြုတာ ဖြစ်တဲ့အတွက်ကြောင့် ဒီ EIST ကို အသုံးပြုထားလျင် Power Consomption ကို လျှော့ချပေးခြင်းဖြင့် Power Speed လည်း လျော့ကျသွားစေမှာ ဖြစ်ပါတယ်။
FC-PGA
FC-PGA မှာ အတိုကောက်ခေါ်တာပါ။ သူ့ရဲ့ အပြည့်အစုံက Flip-Chip Pin Grid Array ဖြစ်ပါတယ်။ ဒီ Flip-Chip ဆိုတာကလည်း ကွန်ပျူတာ Processor တစ်ခုပင် ဖြစ်ပါတယ်။ Chip ကို ပြောင်းပြန်လှန်လိုက်ပြီးတော့ ခဲတို့ထားသော Ball ပေါ်တွင် တိုက်ရိုက်ဖိကပ်ပေးလိုက်ပြီးတော့ ခဲတို့ထားသော Joint ကို အေးခဲသွားအောင် အပူပေးလိုက်ခြင်း ဖြစ်ပါတယ်။ ၄င်းနည်းလမ်းဟာဆိုရင် Chip နှင့် ကပ်ချည်ထားသော Wire ကြိုးများကို ဖယ်ပစ်နိုင်ခြင်း၊ အချိန်နှင့် ငွေကုန်သက်သာစေခြင်းတို့ကြောင့် ကွန်ပျူတာ Processor ထုတ်လုပ်မှုအတွက် လွယ်ကုသော နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ Intel Pentium III Processor ကို သတ်မှတ်ရာ၌လည်း FC-PGA ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ FC-PGA ကို တနည်းအားဖြင့် Coppermine ဟုလည်း ခေါ်ကြပါသေးတယ်။ အဲ့ဒီ FC-PGA ကို Motherboard ပေါ်မှာ စိုက်မယ်ဆိုရင် သူ့ကိုစိုက်ရမယ့် Socket ရှိပါတယ်။ Pin အားဖြင့် 370 pin ရှိသော Zero Insert Force ( ZIP ) Socket ပေါ်တွင်သာ စိုက်ပြီးတော့သုံးမှရမှာ ဖြစ်ပါတယ်။
68000
68000 မှာ Motorola မှ ထုတ်လုပ်ခဲ့သော SCSI Processor တစ်ခု ဖြစ်ပါတယ်။ 68000 Processor ရဲ့ Bus Speed မှာ 16-bit ရှိပြီး Clock Speed မှာတော့ 8 MHz ရှိပါတယ်။ 68000 Processor ကို Apple က ထုတ်လုပ်သော Macintosh ကွန်ပျူတာများတွင် အသုံးပြုကြပါတယ်။
8080
၁၉၇၉ ခုနှစ်တွင် Intel က နောက်ထပ် Processor တစ်ခုကို ထုတ်လုပ်လိုက်ပြန်ပါတယ်။ အဲ့ဒါကတော့ 8080 Processor ပဲ ဖြစ်ပါတယ်။ ဒီ 8080 Processor မှာ 8-bit နည်းပညာကို အသုံးပြုပြီး၊ အလုပ်လုပ်တဲ့ Speed ကတော့ 2 MHzှSpeed ဖြင့် အလုပ်လုပ်တာ ဖြစ်ပါတယ်။ ၄င်း 8080 Processor ကို ကမ္ဘာပေါ်တွင် ပထမဦးဆုံး အသုံးပြုခဲ့ကြသော Personal ကွန်ပျူတာများစွာထဲက ၁၉၇၅ ခုနှစ် ဇန်န၀ါရီ လ ၂ ရက်နေ့တွင် ထုတ်လုပ်ခဲ့သော Altair ကွန်ပျူတာတွင် ပထမဦးဆုံး အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
8086
နောက်တစ်ခါ Intel ကနေပြီးတော့ ၁၉၈၇ ခုနှစ်မှာ 8086 Processor ကို ထပ်မံ ထုတ်လုပ်လိုက်ပြန်ပါတယ်။ ဒီ 8086 Processor ရဲ့ Codename မှာ P1 ဖြစ်ပါတယ်။ 8086 Processor မှာ 16-bit နည်းပညာကို အသုံးပြုပြီးတော့ သူ့ရဲ့ အလုပ်လုပ်တဲ့ Clock Speed က 5 MHz ကနေ 10 MHz ထိ အသုံးပြုပါတယ်။
8087
Intel ကနေ နောက်ထပ် ထုတ်လုပ်လိုက်တဲ့ 8087 Processor မှာ 8080 နှင့် 8086 Processor တို့အတွက် အစားထိုး အသုံးပြုရန် Design ဆွဲ ထုတ်လုပ်လိုက်ခြင်းပင် ဖြစ်ပါတယ်။ 8087 Processor မှာ Math Coprocessor တစ်ခုဖြစ်ပြီးတော့ ၄င်းမှာ ကွန်ပျူတာများတွင် အသုံးပြုကြတဲ့ တစ်ချို့ Application တွေရဲ့ အလုပ်လုပ်တဲ့ Speed ကို မြန်ဆန်အောင်လို့ တိုးမြှင့်ပေးနိုင်ပါတယ်။ Math Coprocessor ကို မသိဘူးဆိုလျင် အောက်မှာ Math Coprocessor ဆိုတာ ဘာလဲဆိုတာကို ဖော်ပြပေးထားပါတယ်။
80286
၁၉၈၂ ခုနှစ်တွင် Intel က 80286 Processor ကို ထပ်မံထုတ်လုပ်လိုက်ပြန်ပါတယ်။ ၄င်းကို တစ်နည်းအားဖြင့် 286 လို့လည်း ခေါ်ကြပါတယ်။ 80286 Processor ရဲ့ အလုပ်လုပ်နိုင်တဲ့ Clock Speed ကတော့ 8 MHz မှ 12 MHz ထိ ဖြစ်ပါတယ်။ နောက်ပြီးတော့ 80286 Processor သကဲ့သို့ပင် နောက်ထပ် Processor တစ်ခုကို ပြောရမယ်ဆိုရင် 80287 Processor ပဲ ဖြစ်ပါတယ်။ ဒီ 80287 Processor မှာလည်း Math Coprocessor တစ်ခုပဲ ဖြစ်ပါတယ်။
Math Coprocessor
Math Coprocessor မှာ Intel 8086, 80386, 80486 Processor များအတွက် ထပ်စိုက်ထားသော Processor တစ်ခုပင် ဖြစ်ပါတယ်။ Math Coprocessor ကို တနည်းအားဖြင့် Numeric Coprocessor သို့မဟုတ် Floating-Point Coprocessor ဟုလည်း ခေါ်ကြပါသေးတယ်။ ၄င်းက ကွန်ပျူတာရဲ့ Speed ကို မြှင့်တင်ပေးနို်င်တဲ့ Processor တစ်ခုဖြစ်တဲ့အတွက် ၄င်း Math Coprocessor ကို အသုံးပြုထားသော ကွန်ပျူတာရဲ့သချာင်္ဆိုင်ရာ တွက်ချက်ခြင်းများကို ပို၍ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်တဲ့ Processor တစ်ခုပင် ဖြစ်ပါတယ်။ အဲ့သလိုမျိုး သင်္ချာဆိုင်ရာ တွက်ချက်ခြင်းများကို ပို၍မြန်ဆန်စွာ တွက်ချက်ပေးနိုင်သော Processor တစ်ခုဖြစ်တဲ့အတွက်ကြောင့် သူ့ကို Math Coprocessor လို့ခေါ်တာ ဖြစ်မှာပါ။ ယနေ့ခေတ် ကွန်ပျူတာ ထုတ်လုပ်သူများက ကွန်ပျူတာတိုင်းတွင် အသုံးပြုလျက်ရှိနေကြသော Processor များတွင် ဒီ Math Coprocessor ကို တစ်ခါတည်းတွဲလျက် ထုတ်လုပ်လာကြပါတယ်။ အခုနောက်ပိုင်း Processor တွေမှာ Math Coprocessor တွေပါလာကြပါပြီ။
|