Welcome To My Blog ၊ ခုမှစမ်းသပ်နေပါသဖြင့်ခွင့်လွတ်ကြပါခင်ဗျား။အားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါသည်။


   
  ITMM
  CD-ROM
 

CD-ROM

CD-ROMCD-ROM ဆိုတဲ့ ခေါင်းစဉ်လေးကို တွေ့လိုက်ရတော့ CD ဆိုတာ မစိမ်းတော့တဲ့ စကားလုံးလေးပါ။
ဒါပေမဲ့ ROM ဆိုတာ ဘာကြီးလဲ။ တစ်ချို့တွေအတွက် လွယ်လွယ်ကူကူ အဖြေရှာလို့ရပေမဲ့ မသိသေးတဲ့သူတွေအတွက် ပြောပြပေးချင်တာက CD-ROM ဆိုတာ Compact Disc Read-Only Memory ပါ။

Read-Only ဆိုကတည်းက ရေးထားပြီးသား အချက်အလက် Data တွေကို ဖတ်လို့ပဲရပြီး ရေးလို့ ပြုပြင်လို့ မရပါဘူး။ ယနေ့ ခေတ်မှာ CD-ROM တွေကို အသုံးများလာကြပါပြီ။ အလွယ်ကူဆုံးပြောရရင် ယနေ့ ကြည့်ရှုနေကြတဲ့ Video ကားတွေ ၊ သိပ္ပံ ဆိုင်ရာ၊ ဆေးပညာပိုင်းဆိုင်ရာ၊ ဥပဒေ၊ စီးပွားရေး၊ ပညာရေး စတဲ့ ကဏ္ဍအသီးသီးတွေမှ Data တွေကို CD နဲ့ ထည့်ပြီး သိမ်းထားတတ်ကြပါတယ်။

CD-ROMဒါပေမဲ့ ရိုးရိုး CD-ROM တွေဆိုရင်တော့ ခုနကပြောခဲ့တဲ့အတိုင်း Read-Only ဆိုတဲ့အတွက် ဖတ်ပဲဖတ်လို့ရပါတယ်။ ဖတ်တယ်ဆိုတာ CD အထဲမှာ ရှိနေတဲ့ Data တွေကို စက်နဲ့ဖွင့်ကြည့်တာကို ပြောတာနော်။

ဒါပေမဲ့ နောက်ပိုင်းမှာ နည်းပညာ တိုးတက်လာတာနဲ့အမျှ တီထွင်မှုတွေ ဆန်သစ်လာကြပါတယ်။ အဲဒါကြောင့် ဖတ်ရုံသာမဟုတ်ဘဲ ပြန်ရေးခြင်း ၊ ပြုပြင်ခြင်းများ ပြုလုပ်ဖို့ CD-R တို့ CD-RW တို့ ပေါ်လာပြန်ရော။ အဲ ...ယနေ့ ခေတ်မှာတော့ အချက်အလက်တွေ သိုလှောင်ပေးနိုင်တဲ့ ပမာဏ ( Memory Space ) ပိုဆန့်တဲ့ DVD ( Digital Versatile Disc ) တွေကိုတောင် အသုံးပြုလာကြပါပြီ။ ဒါကြောင့် DVD-ROM ဆိုတာလည်း ပေါ်လာခဲ့ပါတယ်။ သို့ပေမယ့် ပထမဆုံး CD-ROM အကြောင်း ပြောပြချင်ပါတယ်။

CD-ROM ဘယ်လိုစတင်ဖြစ်ပေါ်လာလဲဆိုတဲ့ သမိုင်းကြောင်းလေးကို အရင်ရှင်းပြပေးချင်ပါတယ်။ ၁၉၇၈ ခုနှစ်မှာ Philip နဲ့ Sony ကုမ္ပဏီ (၂) ခုက CD ကို စတင်တီထွင်မှုပြုရန် ကြိုးပမ်းခဲ့ကြပါတယ်။ ၁၉၈၂ ခုနှစ်ရောက်တော့ အဲဒီ ကုမ္ပဏီ (၂) ခုက တရားဝင် ကြေငြာချက်ဖွင့်ပြီးတော့ ယခုအသုံးပြုနေတဲ့ CD တွေကို တီထွင်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာ CD-ROM ပြုလုပ်ထားပုံတွေကို ရှင်းပြပေးခဲ့ကြပါတယ်။ တူညီတဲ့ နည်းပညာတွေကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။

CD တွေ ပြုလုပ်ထားပုံကို ပြောပြရမယ်ဆိုရင်တော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ CD တွေကို Polycarbonate Wafer လို့ခေါ်တဲ့ အလွှာပါးတစ်ခုနဲ့ ပြုလုပ်ထားပြီး သူ့ရဲ့ အချင်းက 120 mm နဲ့ အထူကတော့  1.2 mm ရှိပါတယ်။ အဲ ... ဒီ့အပြင် 15 mm ရှိတဲ့ အပေါက်ကလေးက အလယ်မှာ ရှိပြန်ရော။ သူ့ကို ပလပ်စတစ်နဲ့ ပြုလုပ်ထားပြီးတော့ Data အချက်အလက်ပေါင်းများစွာကို သိမ်းဆည်းထားနိုင်ပါတယ်။ သူသိမ်းဆည်းထားနိုင်တဲ့ ပမာဏက 682 MB ရှိတယ်ဆိုပဲ။
အခွေ (Disc) တွေပေါ်မှာတော့ 700 MB လို့  တွေ့မြင်နိုင်တယ်နော်။ စာရွက်အရေအတွက် ပမာဏနဲ့ တိုင်းကြည့်ရင်တော့ လန့်သွားမလားပဲ။ စာရွက်ပေါင်း ခန့်မှန်းခြေ 333,000 စာကို သိမ်းဆည်းထားနိုင်လို့ ကျစ်လစ်စွာ ဖွဲ့စည်းတည်ဆောက်တဲ့ Disc လို့လဲ ဆိုနိုင်ပါသေးတယ်။ ပထမ ပြောခဲ့တဲ့ Polycarbonate Wafer အလွှာပါးပေါ်မှာ Aluminium Alloy လို့ ခေါ်တဲ့အလွှာပါးကို ထပ်ပြီးဖုံးအုပ်ထားပါသေးတယ်။ ဘာကြောင့်လည်းဆိုတော့  Data တွေ မပျောက်ပျက်အောင် ကာကွယ်ထားတဲ့ အနေနဲ့ပါ။ CD-ROM တစ်ခုဟာ 4.72 inch (သို့) 5 inch အရွယ်အစားရှိပြီး မိနစ်(၇၀)စာ အသုံးပြုလို့ရပါတယ်။ လေဆာနည်းပညာဖြင့် ဖတ်ရန် သက်သက်အတွက်သာ အသုံးပြုနိုင်တဲ့ ROM တစ်မျိုး ဖြစ်ပါတယ်။

ကဲ အခု CD-ROM Drive အကြောင်း လေ့လာကြရအောင်။ CD-ROM Drive ဆိုတာက Capacity မြင့်မားပြီးတော့ သယ်ယူရွေ့ပြောင်းလို့ရတဲ့ Optical Drive ဖြစ်တယ်။ သူကခြေခံအားဖြင့်တော့ Read-Only လို့ ဆိုတဲ့အတွက်
အချက်အလက် Data တွေကို ဖတ်လို့ပဲ ရတာများတယ်။ Disc အထဲမှာ ရှိနေတဲ့  Data တွေကို ဖျက်တာတို့ ၊ ပြင်တာတို့ ၊ ထပ်ရေးတာတို့ လုပ်လို့ မရပါဘူး။ သို့ပေသိ... CD-R တို့ CD-RW တို့မှာ ဆိုရင်တော့ ပြုပြင်လို့တော့ရတယ်။ ဈေးပိုကြီးတယ်။ ဒါကြောင့် ဈေးသက်သာတဲ့ CD-ROM ကို ပိုပြီး အသုံးပြုတာ များပါတယ်။ CD-ROM က Floppy Disk ထက် မြန်ပေမဲ့ နောက်ဆုံးပေါ် Hard-Drive ထက်တော့ နှေးတယ်နော်။

CD-ROM Drive အလုပ်လုပ်ပုံကို ဆက်လက်ဖော်ပြပေးချင်ပါသေးတယ်။ သူက အချက် (၆) ချက်နဲ့ အလုပ်လုပ်ပါတယ်။

(၁)   ပထမဆုံး Laser Diode က Energy နည်းပါးတဲ့ Infrared Beam ကို Mirror ကြေးမုံပြားပေါ်ရောက်အောင် လွှတ်တင်ပေးတယ်။

(၂)  Servo လို့ခေါ်တဲ့ Motor က CD-ROM ပေါ်ကို မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း ရောက်ရှိဖို့  Mirror ကြေးမုံပြားကို ရွေ့ပေးခြင်းနဲ့ Beam ကို နေရာချပေးတယ်။

(၃)  Beam လေးက Disc ကို လာရိုက်မိတဲ့အခါ အလင်းတွေကို စုစည်းပေးတယ်။ Platter အောက်က Lens ကို ဖြတ်ပြီး ကြေးမုံကို ပြန်ကန်ထွက်လာတယ်။ အဲဒီိနောက် Beam Splitter ဆီ ရောက်ရှိသွားတယ်။

(၄)  အဲဒီ Beam Splitter က ပြန်ရိုက်ခတ်လာတဲ့ Laser အလင်းတန်းကို ဦးတည်ရာ Lens ဆီ ရောက်အောင် လမ်းညွှန်ပြပေးတယ်။

(၅)  အဲဒီနောက် Lens က Photo Detector ပေါ်ကို အလင်းကျရောက်ဖို့  ညွှန်ကြားပေးတယ်။  Photo Detector ဆိုတာက အလင်းမှ လျှပ်စစ်ခုန်နှုန်းတွေ အဖြစ် ပြောင်းလဲပေးတာ ဖြစ်ပါတယ်။

(၆)  အဲဒီ ၀င်လာတဲ့ ခုန်နှုန်းလေးတွေကို Microprocessor မှ Decode လုပ်ပြီး Data အဖြစ်နဲ့ Host Computer တွေဆီကို ပို့လွှတ်တာ ဖြစ်ပါတယ်။

အခုပြောပြခဲ့တဲ့ အချက် (၆) ချက်ကတော့ မျက်စိနဲ့ မမြင်နိုင်ပေမဲ့ ဗဟုသုတ အနေနဲ့ သိရှိထားရင် လုံလောက်ပါပြီနော်။

 
 
 
  Today, there have been 11 visitors (12 hits) on this page!  
 
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free